ကျွန်တော်တို့ စလင်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးမှ စာရေး(ကျွမ်းကျင်-၆)အား အထက်အရာရှိများ၏ ညွှန်ကြားချက်များကို မနာခံဘဲ မိမိ၏စိတ်ဆန္ဒသဘောအတိုင်း ရုံးလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်နေပါသည်။ထို့ပြင် အုပ်စုခေါင်းဆောင်များနှင့် လုပ်ငန်းကိစ္စရပ်များကို ပြုလုပ်ရာတွင် အများအားဖြင့် ဆန့်ကျင်ဘက်ကိစ္စရပ်များကိုသာ ပြုလုပ်နေပါသည်။
ညှိနှိုင်းဆောင်ရွက်ရမည့် အရေးပေါ်ကိစ္စရပ်များအား ကြိုတင်ဆွေးနွေးခြင်းမရှိဘဲ မိမိ၏သဘောဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နေသည်မှာ အချိန်ကာလ ကြာမြင့်နေပြီ ဖြစ်ပါသည်။
အထက်ပါကိစ္စရပ်များအပြင် နိုင်ငံတော်မှ ခွဲဝေချထားပေးသော အသေးသုံးငွေကြေးနှင့် အိမ်သာဆောက်လုပ်ရေးအတွက် ခွဲဝေချထားပေးသော ငွေများအပေါ် အလှူငွေနှင့် စာရွက်စာတမ်းဖိုးများအဖြစ် တောင်းခံမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုအကြောင်းအရာများကို အဓိကထား၍ အထက်အဆင့်ဆင့်သို့ တာဝန်သိသူများက အသိပေးတိုင်ကြားရာ တိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့်တို့မှ လာရောက်စစ်ဆေးကြပါသည်။
ထိုအချက်အလက်များသည် မှန်ကန်သောအချက်အလက်များဖြစ်သောကြောင့် စာရေး(ကျွမ်းကျင်-၆)အားဤစလင်းမြို့နယ်နှင့် မြို့ နယ်ကိစ္စရပ်များ ဆက်လက်လုပ်ဆောင်စေရန် မည်သည့် အကြောင်းပြချက်နှင့်မျှ မဖြစ်နိုင်တော့ပါသဖြင့် အခြားဒေသတစ်ခုသို့ ပြောင်းရွေ့ချထားပေးရန်(သို့)တာဝန်မှရပ်စဲပေးပါရန် နိုင်ငံတော်သမ္မတ၊့ ပညာရေးဝန်ကြီးဌာနဝန်ကြီး၊တိုင်းဒေသကြီးဆိုင်ရာ ဝန်ကြီးများအား သိရှိစေရန် တင်ပြအပ်ပါသည်။
စလင်းပညာမှတာဝန်သိသူများ
No comments:
Post a Comment