Friday, March 21, 2014
သန်းခေါင်စာရင်းနှင့်ပတ်သက်၍
ကျွန်တော်တို့မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်မတ်လ၂၉ ရက်နေ့မှဧပြီ၁၀ ရက်နေ့အထိ သန်းခေါင် စာရင်းကောက်ယူမည်မှာ ဆရာ၊ဆရာမများ အသိဖြစ်ပါသည်။ကျွန်တော်တို့ သင်တန်းသူ၊သင်တန်းသားများကို သင်တန်းတက်စရိတ်အဖြစ် သင်တန်းမတက်မီ တစ်ရက်ကြိုတင်၍ ထုတ်ပေးခဲ့သည်။သင်တန်းတွင် မနက် ၉နာရီမှ ညနေ ၅နာရီအထိ ဦးနှောက်များစွာ ပူထူ စဉ်းစား၍ နိုင်ငံတော်မှ ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် အသင့် ရှိနေပါသည်။
UNFPAမှ သန်ခေါင်စာရင်းအတွက် မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း၂၀ ထောက်ပံ့ခဲ့ပါသည်။
UNFPAမှ ထောက်ပံ့သော သင်တန်းစရိတ်သည် ၈၀%ဖြစ်သော ၆၀၂၀၀ကျပ်ကို သင်တန်းစရိတ်၊၂၀%ကိုသန်းခေါင်စာရင်းကောက်ပြီးချိန်တွင် ပေးအပ်မည်ဟု ကြားသိရပါသည်။
စုစုပေါင်းထောက်ပံ့ငွေမှာ၇၅၂၅၀ကျပ်ဖြစ်ပြီး၁၅၀၅၀ကျပ်ကျန်ရှိနေပါသည်။
သို့သော် ကျန်ရှိသည့်ငွေကို မသိရှိရပဲ သင်တန်းပြီးဆုံးမှ သိရှိရသည်။
ဆိပ်ဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သင်တန်း၏ပထမဆုံးနေ့မှာပင် ကြိုတင်ပြောကြားကြောင်း၊သင်တန်းသား၊သင်တန်းသူများကို UNFPAမှ စရိတ်အဖြစ် ၇၅၂၅၀ကျပ်ဖြစ်ကြောင်း၊ကျန်ရှိနေသော ငွေကြေးများကို သန်းခေါင်စာရင်းကောက်ပြီးချိန်ပေးအပ်မည်ဖြစ်ကြောင်း၊ထိုအကြောင်းအရာကို မိမိတို့သိရှိပါကြောင်း လက်မှတ်ရေးထိုးရသည်ဟု ဆိပ်ဖြူမြို့နယ်မှ ဆရာတစ်ဦးမှ ပြောကြားခဲ့သည်။
စလင်းမြို့နယ်တွင် ဆိပ်ဖြူမြို့နယ်ကဲ့သို့ ပြောကြားခြင်းမရှိဘဲ သင်တန်းနောက်ဆုံးရက် ပြီးဆုံးချိန်နီးမှသာ သင်တန်းသား၊သင်တန်းသူများ၏တစ်ဆင့်စကားတစ်ဆင့်နားမှပြောကြား၍သာကြားရခြင်းဖြစ်ပါသည်
Admin-4
Subscribe to:
Post Comments (Atom)
No comments:
Post a Comment