Monday, March 24, 2014
နောက်ဆက်တွဲ
MyanmarDaily.net shared Kyaw Hlaing Win's status update.
Kyaw Hlaing Win
မလေးရှား Flight MH370 လေယာဉ်ကြီးဟာ တောင်အိန္ဒိယသမုဒ္ဒရာကြီးထဲကို ထိုးကျပျက်စီးသွားခဲ့ပြီး ခရီးသည်များ၊ ၀န်ထမ်းများအားလုံး တစ်ဦးမကျန်သေဆုံးသွားခဲ့ပြီဖြစ်ကြာင်း မလေးရှားဝန်ကြီးချုပ်က
ဒီညမှာ အတည်ပြုသွားခဲ့ပါပြီ။
ဒီသတင်းအတွက် အထူးဝမ်းနည်းကြေကွဲမိပါတယ်။
တကယ်ဆိုရင် မဖြစ်နိုင်မှန်းသိနေပေမယ့် လေယာဉ်ကြီးကို တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ အကောင်းအတိုင်း ဘွားကနဲပြန်တွေ့လေမလား၊ ဒါမှမဟုတ် ခရီးသည်တွေကို အသက်ရှင်လျက်များ ပြန်တွေ့ရလေမလားဆိုပြီး ဒီ၂ပတ်ကျော်ကာလတွေမှာ ရင်တထိတ်ထိတ်နဲ့စောင့်စားမျှော်လင့်နေခဲ့မိတာပါ။
ကျွန်တော်တို့တွေတောင် ဒီလိုမျှော်လင့်နေခဲ့မိသေးရင် သေဆုံးသွားရှာသူများရဲ့ မိသားစု၊ ဆွေမျိုးများဆိုရင်တော့ ဘယ်လောက်တောင် မျှော်လင့်ခဲ့ကြရှာမယ်ဆိုတာ ပြောဖွယ်ရာတောင်မရှိတော့ပါဘူး။
ခုလိုအချိန်ဆိုရင်လည်း ဘယ်လောက်တောင် ဖြေမဆည်နိုင်အောင် ၀မ်းနည်းကြေကွဲနေကြရှာမလဲ။
တကယ်ကို ကိုယ်ချင်းစာမိပါတယ်။
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးလည်း ၀မ်းနည်းနေကြမှာပါ။
တွေးကြည့်လို့၊ မြင်ယောင်ခံစားကြည့်လို့ရပါတယ်။
လေယာဉ်ကြီးရဲ့ နောက်ဆုံးအချိန်မှာ ခရီးသည် ၂၂၆ဦးနဲ့ လေယာဉ်ဝန်ထမ်း ၁၃ဦးတို့ဟာ မိမိတို့ရဲ့ နောက်ဆုံးအချိန်တွေကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့များ ဖြတ်ကျော်အဆုံးသတ်သွားခဲ့ကြရရှာမလဲဆိုတာကို။
လေယာဉ်ကြီးထဲမှာ ကမ္ဘာပျက်သလို ၀ုန်းဒိုင်းကြဲနေတဲ့ ငရဲခန်းကြီးဖြစ်နေခဲ့မှာပါ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအားလုံး ခုချိန်မှာ တတ်နိုင်တာက သေဆုံးခဲ့ကြရှာသူများအားလုံးကို ဘ၀ကူးကောင်းစေရေး ဆုတောင်းမေတ္တာပို့သပေးဖို့၊ ကျန်ရစ်သူမိသားစုများဖက်ကနေ ဖေးမကူညီ နားလည်ခံစားပေးဖို့ပါပဲ။
ကွယ်လွန်သူများအားလုံး ဘ၀၀ဋ်ကြွေးများလည်း ဒီဘ၀ဒီမျှနဲ့ပဲ ကြေပါစေတော့။
ကောင်းရာသုဂတိလားကြပါစေ..........
ရှေ့လျှောက် လေကြောင်းခရီးသွား ခရီးသည်၊ ၀န်ထမ်းများအားလုံးလည်း ဘေးအန္တရာယ်ကင်းဝေးကြပါစေ.................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment