ကျွန်တော် ခေါင်းစဉ်ကို အင်တာနက်အကြောင်းသိကောင်းစရာလို့ နာမည်ပေးထားပါတယ်။ကျွန်တော် သိသ၍ တတ်သ၍လေးကို အခြားသူများ၊ခု ဖတ်ရှုသူများ၊အင်တာနက်ကို စိတ်ဝင်စားသူများအတွက် ရည်ရွယ်ပါတယ်ဗျ။ တစ်ကယ်လို့ သိပြီးသားဆိုရင် ဒီPost ကိုမဖတ်ပါနဲ့။မသိသေးသောသူများအတွက်သာ ကျွန်တော် ရည်ရွယ်ပါတယ်ဗျ။
အမှားလေးများပါခဲ့ရင်လည်း ဝေဖန်အကြံပေးနိုင်ပါတယ်ဗျ။ကဲ လေရှည်နေတာနဲ့လိုရင်း မရောက်တော့ဘူး။
ဟုတ်ပါပြီ၊၊ ကဲ ကျွန်တော်တို့တစ်တွေ အင်တာနက်ကို ဘာလို့ သုံးတာလဲ၊၊ဘာလို့ ချိတ်ဆက်တာလဲ၊၊
ကျွန်တော့် ယူဆချက်ကတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရှာမယ်၊၊ဖတ်မယ်၊၊လေ့လာမှတ်သားမယ်။နောက်ဆုံးရ ကမ္ဘာ့သတင်း ၊ မြန်မာ့သတင်းတွေကို နားစွင့်မယ်၊၊လူမှုကွန်ယက် Facebookသုံးမယ်၊Viber သုံးမယ်၊၊သူငယ်ချင်းအသစ်တွေ ရှာမယ်၊၊နည်းပညာသတင်းတွေ၊Websiteတွေဖွင့်မယ်၊၊ Chatting ထိုင်မယ်၊၊အများကြီးပါပဲဗျ၊၊ ဒါက ကျွန်တော့် ယူဆချက်ပါ၊၊
ကဲ ဆက်မယ်၊၊ကျွန်တော်တို့ သုံးနေတဲ့ အင်တာနက်ဆိုတာ ဘာလဲ၊၊စသုံးတဲ့သူတွေအတွက်တော့ အဖြေဟာ ခဲယဉ်းပါလိမ့်မယ်ဗျ၊၊
Internet ဆိုတာ Network အချင်းချင်း
ချိတ်ဆက်ထားတဲ့ ကွန်ယက်တစ်ခုပါပဲ၊၊
ကျွန်တော်တို့တစ်တွေ ဖုန်းဆိုင်က အင်တာနက်သုံးလို့ကောင်းမယ်ထင်တဲ့ ဖုန်းလေးတစ်လုံးကို ဝယ်လိုက်တယ်။ဖုန်းကဒ်ကို အင်တာနက် ထည့်တယ်။ဖုန်းကို အင်တာနက် Setting ချိန်တယ်၊၊မလုပ်တတ်ရင်လဲ ဆိုင်က လုပ်ပေးပါလိမ့်မယ်။ပြီးရင် ပြန်လာ။အင်တာနက်ကို စတင်ပြီး ဟိုနိုးနိုး ဒီနိုးနိုး သုံးပါတော့တယ်။ကဲ စပါပြီ။
ကျွန်တော်တို့တစ်တွေ သိချင်တဲ့ အကြောင်းအရာ အားလုံး၊အများကြီးပါပဲ
အလုံးစုံကို သိအောင် ဘယ်လိုရှာမလဲ။
ကျွန်တော်တို့ သုံးနေတဲ့ဖုန်းတွေမှာ Browser ဆိုတာပါပါတယ်။တစ်ချို့ဖုန်းတွေမှာ ဘေးနားမှာရှိတဲ့ အဏုကြည့်မှန်ပြောင်းကဲ့သို့ အရာလေးပါပါတယ်၊၊ဒါကို Search လို့ခေါ်ပါတယ်၊၊
Browser ဆိုတာ မိမိသိရှိလိုရာအကြောင်းအရာများ၊websiteများကို
အသုံးချရသော ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။Browser များစွာရှိပါတယ်၊၊ဥပမာ Google;UC Browser;One Browser;Firebox စသဖြင့် အများကြီး ရှိပါတယ်၊၊
ဘယ်ကောင်ကိုပဲ သုံးသုံး ရှာဖွေလို့ရတာချည်းပါပဲ၊၊ခု နာမည်ကြီးနေတာက Firebox ပါပဲ၊၊
ကျွန်တော်တို့ ဖုန်းထဲမှာ Browser တစ်ခုရှိနေရင် Browser icon ဆီကို သွားပါမယ်။ icon ဆိုတာ ဖုန်းပေါ်မှာရှိနေတဲ့ Software လေးကိုပြောတာပါ။icon ကို နှိပ်လိုက်တာနဲ့ အပေါ်မှာ Bar တစ်ခုတက်နေပါလိမ့်မယ်။အဲဒီBarထဲမှာ စာကြောင်းတွေရှိနေပါလိမ့်မယ်။တစ်ချို့ ဖုန်းတွေမှာတော့ Search Mobile ဆိုပြီးရှိနေပါလိမ့်မယ်၊၊ဘယ်လိုရှာမျိုးပဲ ရှိနေပါစေ icon လေးကို တစ်ချက်ထောက်လိုက်ပါ၊၊တစ်ချက်ကလေးပါပဲ၊၊ဒါပြီးရင် ကျွန်တော်တို့ စာရိုက်ရမယ့် Keyboard ဖုန်းမှာ တက်လာပါလိမ့်မယ်ဗျ၊၊ဒါပြီးရင် icon bar ထဲမှာ အင်္ဂလိပ်ရိုက်ရိုက်၊မြန်မာလိုရိုက်ရိုက် ရိုက်လိုက်ပါ၊၊ဥပမာ That Mon Myint;သက်မွန်မြင့် စသည်ဖြင့်ပေါ့။ဒါပေမယ့် တစ်ခုမှတ်ရမှာက မြန်မာလိုရိုက်လိုက်ပြီဆိုရင် ကျွန်တော်တို့ လိုချင်တဲ့အချက်အလက် များများမရပါဘူး။ပါးပါးပေါ့၊၊
အင်္ဂလိပ်လို ရိုက်ပြီးရှာရတာပိုကောင်းပါတယ်။အချက်အလက်ပြည့်စုံစွာ ထွက်လာပါလိ့်မယ်။
ကဲ ရိုက်ပြီးပြီဆိုရင် Keyboard မှာရှိတဲ့ ကျွန်တော်တို့ ညာဘက်လက်အောက်မှာရှိတဲ့ မြားလေးကို နှိပ်လိုက်ပါ၊၊
Bar ရဲ့ အောက်မှာ အစိမ်းတန်းလေးသော်လည်းကောင်း၊အဖြူတန်းလေးသော်လည်းကောင်း တရွေ့ရွေ့နဲ့သွားနေပါလိမ့်မယ်၊၊ခဏတော့ စောင့်ပါ။ Internet Connection မကောင်းရင် မတက်ပါဘူး၊၊မသွားပါဘူး။ပြန်ပြီး ပြုတ်ကျသွားပါလိမ့်မယ်။ပြုတ်ကျသွားရင်၊မသွားရင် barမှာ ထပ်ပြီးရိုက်ပါ။
ခဏစောင့်ပြီး တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ရှာလိုက်တဲ့ စာလုံးနဲ့ တိုက်ရိုက်(သို့)အနီးကပ်ဆုံး ပုံစံကို ဖော်ပြပါလိမ့်မယ်။ ဥပမာ ကျွန်တော်တို့က သက်မွန်မြင့် လို့ ရိုက်ပြီးရှာလိုက်တယ်၊ပြီးရင် သက်မွန်မြင့်နဲ့ပတ်သက်သမျှ သတင်းတွေ၊ပုံတွေ၊ဗီဒီယို ဖိုင်တွေရှိတဲ့ အကြောင်းအရာတွေများစွာ ပေါ်လာပါလိမ့်မယ်။
တစ်ခုချင်း တစ်ခုချင်းစီ အကြောင်းအရာလေးတွေ မတူဘဲ ရှိနေပါလိမ့်မယ်။ အဲဒါတွေကို သက်မွန်မြင့်ရဲ့ အကြောင်းတွေ၊ပုံတွေတင်ထားတဲ့ အကြောင်းတွေကိုဖော်ပြပေးတဲ့ Website လို့ခေါ်ပါတယ်၊၊
ပြီးရင် ဘယ်siteကဘာတွေရေးထားသလဲ။ဘာအကြောင်းတွေတင်ထားလဲ၊၊လက်ညိုးလေးနဲ့ အပေါ်ကို ဆွဲတင်ပြီး ကြည့်သွားပါ၊၊ပါးပါးလေးပေါ့။ယောင်ပြီးနှိပ်လိုက်မိမှာစိုးလို့ပါ၊၊နှိပ်မိရင် ဖုန်းရဲ့ Backမြားလေးနဲ့ထပ်နှိပ်ပေးပါ။
ကျွန်တော်တို့ စိတ်ဝင်စားတဲ့ အကြောင်းအရာလေးတွေ့ ပြီဆိုရင် အဲဒီ စာစုပါတဲ့ site စာကြောင်းလေးကို နှိပ်လိုက်ပါ၊၊အပေါ်မှာရှိတဲ့ Bar အောက်မှာ စောစောကလိုပဲအစိမ်းရောင်တန်း(သို့)အဖြူရောင်တန်းလေး ထပ်ပြီး တစ်ဖြည်းဖြည်းနဲ့ သွားပါလိမ့်မယ်။ခဏတော့စောင့်ပါ၊၊connection မကောင်းလို့ ဘာမှမပေါ်ဘဲ ဖြစ်လာရင် ဖုန်းback နဲ့တစ်ချက်ပြန်ထွက်ပါ။ပြီးရင် အဲဒီစာစုလေးကို ထပ်နှိပ်ပေးပါ၊၊တစ်ဖြည်းဖြည်းနဲ့ ပေါ်လာပါလိမ့်မယ်ဗျ၊၊
ဒါဆိုရင် ကျွန်တော်တို့ ဖတ်ချင်တဲ့ အကြောင်းအရာ ဖတ်လို့ ရပါပြီ။တစ်ကယ်လို့ ပုံပါလာရင် ကျွန်တော်တို့က ဒီပုံလေးကို လိုချင်ရင် ပုံလေးကို သုံးစက္ကန့်လောက် လက်ညိုးလေးနဲ့ ထောက်ထားလိုက်ပါ။
ဖိုင်လိုမျိုး စာတန်းတွေထွက်လာပါလိမ့်မယ်။အဲဒီစာကြောင်းတွေထဲက Save Image ကိုနှိပ်ပေးလိုက်ပါ၊၊အပေါ်မှာရှိတဲ့ Notifaction bar မှာ မြားလေးနဲ့ downloadဆွဲနေပါလိမ့်မယ်ဗျ၊၊အပေါ်မှာရှိတဲ့ Notifaction bar ကိုဆွဲချလိုက်ပါ။
Complete imageဆိုရင် OKသွားပါပြီ။နောက် ကျွန်တော်တို့ ကြိုက်တဲ့ပုံများကို ဒီနည်းအတိုင်း download ဆွဲချလို့ ရပါတယ်၊၊
ပြီးရင်၊ကုန်သွားရင်၊သတင်းတွေဖတ်ပြီးသွားရင် ဖုန်းရဲ့ Back(မြား)လေးနဲ့ တစ်ချက်ထွက်လိုက်ပါ။Bar မှာ အတန်းလေး မြန်မြန်ပြေးပြီး စောစောက Siteများဆီကို ပြန်ရောက်သွားပါလိမ့်ဗျ။
အဲဒီ Siteတွေရဲ့ အောက်ဆုံးနားမှာ
page1 ; 2 ;3 ;4 ;5 ;6 စသည်ဖြင့် ရှိနေပါလိမ့်မယ်၊၊ကျွန်တော်တို့ရောက်နေတာက ပထမ စာမျက်နှာပါ။တစ်ကယ်လို့ ဒုတိယ စာမျက်နှာကို သွားချင်ရင် 2 ကိုနှိပ်ပေးလိုက်ပါ။တစ်ဖြည်းနဲ့ barမှာတက်သွားပြီး စာမျက်နှာ ၂ page 2မှာရောက်သွားပါလိမ့်မယ်။
ကြိုက်တဲ့အကြောင်းအရာကို စောစောက ကျွန်တော်ပြောသလိုသာလုပ်သွားလိုက်ပါဗျ၊၊OKပါလိမ့်မယ်။
ဒီလိုနည်းနဲ့ ဘယ်လိုပဲရှာရှာ၊ဘယ်လိုပဲ ရိုက်ရိုက် OKပါလိမ့်မယ်ဗျ၊၊
ကြိုးစားပြီးလုပ်ကြည့်မယ်ဗျာ၊၊ဘာခက်တာမှတ်လို့လဲ။အချိန်လေးတော့ပေးစေချင်ပါတယ်၊၊
ဒီပို့ကို ကျွန်တော် ရေးရတဲ့ ရည်ရွယ်ချက်ကတော့ မသိသေးသောသူများအတွက် ဝေမျှပေးခြင်းသာ ဖြစ်ပါတယ်၊၊သိတဲ့သူများအတွက် မပါပါဗျ။
ကျွန်တော် သိသမျှလေး Share ပေးခြင်းပါ။
နောက်ဆက်ပါဦးမည်။
Computer icon(Software)လေးဝေမျှပေးတဲ့ ကျွန်တော့် အကိုကြီး ကိုဖိုးထောင် ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။
ကြိုးစားပါဦးမည်။
Admin-4
No comments:
Post a Comment