၂၀၁၃-၂၀၁၄ ရာသီ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို မတ်လ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့တွင် မဲနှိုက်ရေးဆွဲခဲ့ရာ နိုင်ငံတူအသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှု ရှောင်လွှဲနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၁၄ ပြိုင်ပွဲ ဗိုလ်လုပွဲကို လက်ခံကျင်းပခွင့် ရရှိထားသည့် ဂျူဗင်တပ်စ်အသင်းက ပြင်သစ်ကလပ် လိုင်ယွန်နှင့် ဆုံတွေ့ခဲ့ပြီး ဟော်လန်ကလပ် အယ်လ်ခမာနှင့် ပေါ်တူဂီကလပ် ဘင်ဖီကာ၊ ဆွစ်ဇာလန်ကလပ် ဘေဆယ်နှင့် စပိန်ကလပ် ဗလင်စီယာ၊ ပေါ်တူဂီကလပ် ပေါ်တိုနှင့် စပိန်ကလပ် ဆီဗီလာအသင်းတို့ ဆုံတွေ့ခဲ့ကြောင်း သိရသည်။ ကွာတားဖိုင်နယ်ပွဲစဉ်များ (ပထမအကျော့ - ဧပြီ ၃) (ဒုတိယအကျော့ - ဧပြီ ၁၀) ၁။ အယ်လ်ခမာ - ဘင်ဖီကာ ၂။ လိုင်ယွန် - ဂျူဗင်တပ်စ် ၃။ ဘေဆယ် - ဗလင်စီယာ ၄။ ပေါ်တို - ဆီဗီလာ El
No comments:
Post a Comment