Monday, March 31, 2014

စလင်းမြို့ နယ်​ လစာထုတ်​ အစည်းအ​ဝေးတွင်​ လစာထုတ်​ယူရာတွင်​ ​ငွေကွာမှုများ ဖြစ်​ပါ်

မ​ကွေးတိုင်း​ဒေသကြီး၊စလင်းမြို့ နယ်​၊စလင်းမြို့နယ်​ ပညာ​ရေးမိသားစုသည်​ အုပ်​စု(၅)အုပ်​စုခွဲ၍ စလင်းမြို့နယ်​ စီးပွား​ရေးဘဏ်​မှ ​ငွေထုတ်​ယူရပါသည်​။
တစ်​မြို့ နယ်​လုံးမှ ဆရာ၊ဆရာမများအားလုံးအတွက်​ စု​ပေါင်း၍ ​ငွေထုတ်​ယူရာတွင်​ ​ငွေ​ကြေးကွာဟချက်​များမှာ လစဉ်​နီးပါး ဖြစ်​​ပေါ်​နေပါသည်​။
ထို့သို့ ဖြစ်​​ပေါ်​နေ​သော ​ငွေ​ကြေးကွာဟချက်​များကို မြို့နယ်​ပညာ​ရေးမှူး၊နယ်​​မြေခံလက်​​ထောက်​ဆရာကြီးများ၊အုပ်​စု​ခေါင်း​ဆောင်​ ဆရာကြီးများ စု​ပေါင်း၍ အ​ဖြေရှာသင့်​​နေပါသည်​။
စလင်းမြို့နယ်​ ဆရာ၊ဆရာမများအတွက်​ လစာထုတ်​ယူပုံစနစ်​မှာ ယခုအတိုင်းဆိုလျှင်​ ဆက်​တိုက်​ဆက်​တိုက်​ ဖြစ်​​ပေါ်​နေမည့်​ ​ဖြေရှင်းလို့ မရ​တော့မည့်​ နည်းစနစ်​ပင်​ ဖြစ်​လာ​တော့မည်​။
လစာထုတ်​ယူရာတွင်​ အုပ်​စု​ပေါင်း (၂၀) ​ကျော်​အတွက်​ အုပ်​စု (၅)စု ထပ်​ဖွဲ့၍ ​စီးပွား​ရေးဘဏ်​သို့ ​လစာငွေထုတ်​ယူ​ရေးအဖွဲ့ ထပ်​ဖွဲ့သည်​။ထို (၅) ဖွဲ့မှ တစ်​ဆင့်​ မိမိအဖွဲ့တွင်​ပါဝင်​​သော ​ကျောင်းအုပ်​စုများကို လစာ​ငွေထပ်​ခွဲသည်​။ထို​ကျောင်းအုပ်​စု တစ်​ခုချင်းစီမှ သက်​ဆိုင်​ရာ ​ကျောင်းအုပ်​ဆရာ/ဆရာမ ကြီးများထံသို့ ​လစာငွေထပ်​မံခွဲ၍ ​ပေးသည်​။ ထို ​ကျောင်းအုပ်​ဆရာ/ဆရာမကြီးများထံမှ မိမိလက်​​အောက်​ ဆရာ၊ဆရာမများ၊အခြားဝန်​ထမ်းများကို လစာ​ငွေထပ်​မံ ခွဲ​ပေးပြန်​သည်​။ဤသို့ အဆင့်​ဆင့်​ ​လစာ​ငွေ ထပ်ဆင့်​ခွဲ​ပေး​နေခြင်းမှာ ​ငွေကွာချက်​ ကြီးမားနိုင်​ပါသည်​။
၃၁.၃.၂၀၁၄/မတ်​လ လစာထုတ်​ယူရာတွင်​ ​ဇောင်​ချမ်းကုန်း​ကျောင်းအုပ်​စု(မိသားစု)တွင်​ ​ငွေကျပ်​ တစ်​သိန်းကွာဟသွားသည်​။ထိုသို့ ကွာဟသွားခြင်းမှာ အဘယ်​​ကြောင်​နည်း။အဆင့်​ဆင့်​ စဉ်းစားရန်​လိုသည်​။စီးပွား​ရေးဘဏ်​မှ ထုတ်​ယူရာတွင်​ ကွာဟချက်​မရှိနိုင်​​ပေ။ဘဏ်​မှ အတိအကျ ဖြစ်​နိုင်​သည်​။ဇောင်​ချမ်းကုန်းအုပ်​စုကို တာဝန်​ခံထုတ်​​ပေး​သော အုပ်​စု (၅)စုမှ တစ်​စုသည်​​ငွေထုတ်​​ပေးရာတွင်​ ကွာသွားသလား၊၊ဒါမှမဟုတ်​ ​ဇောင်​ချမ်းကုန်းအုပ်​စုမှ အုပ်​စု​ခေါင်း​ဆောင်​(သို့)တာဝန်​ခံထုတ်​​ပေး​သောသူသည်​ ​ကျောင်းမိသားစုထဲမှ ​ကျောင်းတစ်​​ကျောင်းအား လစာ​ငွေ ပို၍(သို့)​ငွေအုပ်​များလွဲ၍လား စသည်​ဖြင့်​ စဉ်းစားနိုင်​သည်​။ယခုလမှာ ပို၍ဆိုးသည်​က သန်း​ခေါင်​စာရင်း​ကောက်​ခံ​သောလဖြင့်​တိုက်​ဆိုင်​​နေသဖြင့်​ လစာ​ငွေထုတ်​ယူရာတွင်​ လုပ်​ငန်းပိုင်းဆိုင်​ရာမကျွမ်းကျင်​​သော​​ကြောင့်​လည်း ဖြစ်​နိုင်​​ပေသည်​။အဘယ့်​​ကြောင့်​ဆို​သော်​ အုပ်​စု​ခေါင်း​ဆောင်​အများစုသည်​ သန်း​ခေါင်​စာရင်းအတွက်​ အလုပ်​များ​နေ​သော​ကြောင့်​ ဖြစ်​သည်​။သို့​သော်​ အုပ်​စု​ခေါင်း​ဆောင်​များ ထုတ်​ယူ​သော လတွင်​လည်း ​လစာ​ငွေကွာဟချက်​များ ဖြစ်​သည်​မှာ အထင်​အရှားပင်​။ပြီးခဲ့​သော လများတွင်​ အ.မ.က မူလွန်​ ကန်​​တော်​တွင်​လည်း လစာ​ငွေ ကွာဟခဲ့သည်​။ယခင်​လများတွင်​လည်း အနည်းအများဆို ကွာဟခဲ့​ပေသည်​။
ဒီကိစ္စအား​ဖြေရှင်းရန်​မှာ ​ခေါင်း​ဆောင်​များဖြစ်​​သော မြို့ နယ်​ပညာ​ရေးမှူး၊လက်​​ထောက်​မြို့ နယ်​ပညာ​ရေးမှူးများ၊​ကျောင်းမိသားစု ​ခေါင်း​ဆောင်​များ စု​ပေါင်းညှိနှိုင်း၍ အ​ဖြေရှာသင့်​ပြီဖြစ်​သည်​။
ယခုအတိုင်းသာ ဆက်​သွားပါက လစာ​ငွေကွာဟ​နေမည်​မှာ ​သေချာစဉ်းစားကြည့်​ပါက အမှန်​ပင်​​ဖြစ်​​နေပါလိမ့်​မည်​။ဒီနည်းလမ်းထက်​​ကောင်း​သောနည်းလမ်းများရှာ​ဖွေသင့်​ပါပြီ။ကျွန်​​တော်​တို့ ​ကျောင်းဆရာ၊ဆရာမများမှာ လစာကို မှီခို၍စာ​နေရ​သောသူများ ဖြစ်​ပါသည်​။မိသားစုစားဝတ်​​နေ​ရေးကို လစာ​ငွေ ကျပ်​တစ်​သိန်းဖြင့်​ တစ်​လလုံး လူမှု​ရေး၊စီးပွား​ရေး၊ကျန်းမာ​ရေး ဘာ​ရေးညာ​ရေးများကို ​လစဉ်​ ​နေ့စဉ်​ ​ဖြေရှင်း​ပေး​နေရပါသည်​။ထိုလစာ​ငွေ ကျပ်​တစ်​သိန်း ကွာဟမှုသည်​ ​ကျောင်းဆရာ/ဆရာမ တစ်​​ယောက်​၏တစ်​လ ဝင်​​ငွေဖြစ်​သည်​။ထို့သိ့ကွာဟသွားလျင်​ ထိုဆရာ၊ဆရာမ လစာမရခဲ့လျှင်​ ​နောက်​ဆက်​တွဲပြဿနာများကို စဉ်းစားကြည့်​လျှင်​ ကျွန်​​တော်​တို့ဆရာ ဆရာမများသာ သိသည်​။အကယ်​၍ ​နောင်​တစ်​ချိန်​တွင်​ ယခု ​ဇောင်​ချမ်းကုန်းအုပ်​စုကဲ့သို့ ကွာဟ​နေလျင်​ မည်​သို့ လုပ်​ကြမည်​နည်း။ဇောင်​ချမ်းကုန်းအုပ်​စုမှ ဆရာကြီးက သူစိုက်​ထုတ်​၍ ကွာ​သောလစာကို ​ပေးသည်​။စိတ်​သ​ဘော ဖြူ​ပေစွ။ဆရာကြီးစိတ်​ဓာတ်​ကို ချီးကျူးမိသည်​။မိမိ​ကြောင့်​ဟု အဖြစ်​မခံချင်​။
ထိုသည်​မှာ ဆရာကြီး စိတ်​ဓာတ်​ဟု ထင်​မြင်​မိသည်​။
သို့​သော်​ ​ဇောင်​ချမ်းကုန်းအုပ်​စုမှ ဆရာ၊ဆရာမများက တစ်​​ယောက်​လျှင်​ ၃၅၀၀ကျပ်​နှုန်းဖြင့်​ ထိုကိစ္စအား ​ဖြေရှင်းလိုက်​ကြရသည်​။ယခင်​လတွင်​​ငွေကွာသွား​သော ကန်​​တော်​မှ ဆရာကြီးမှာ လစာ​ငွေကွာဟချက်​များကို အိတ်​စိုက်​၍ ​ဖြေရှင်းလိုက်​ရသည်​ဟု ကြားသိရသည်​။
ထိုသို့ကွာဟချက်​သည်​ ​ကျောင်းတစ်​​ကျောင်း​ကျောင်း အကယ်​၍ ပိုပါသွားလျှင်​ ထို​ကျောင်းမှ ပြန်​လည်​​ပေးသင့်​သည်​။ကိုယ်​ချင်းစာသင့်​သည်​။ငါသာ သူ့​နေရာမှာ ဆိုရင်​   ဆိုတဲ့အ​တွေးမျိုး ​တွေး​ပေးသင့်​သည်​။ငွေကျပ်​တစ်​သိန်းဖြင့်​ ကိုယ်​၏သိက္ခာကျင့်​ဝတ်​များကို လဲလှယ်​သင့်​သလား။ဒီ​ကောင်​​တွေဘာမှမသိဘူး။ယူထားလိုက်​ဦးမှ ဆိုသည့်​ အ​တွေးများ ​ဖျောက်​သင့်​ပြီ။အရာရာကို ကိုယ်​ချင်းစာသင့်​သည်​။
ထိုကိစ္စများ​ပြေလည်​​စေရန်​၊​ငွေကွာဟမှု မရှိ​စေရန်​အတွက်​ အုပ်​စု​ခေါင်း​ဆောင်​များ သိသိကြီး ဇွတ်​လုပ်​​နေသည်​။အုပ်​စုအစည်းအ​ဝေးတွင်​ ထိုကိစ္စများကို ​ဖြေရှင်းရန်​ တင်​ပြမည့်​သူမရှိ။အ​ကောင်းဆုံးဟု ထင်​​နေကြသည်​လားမသိ။
အ​ကောင်းဆုံး ​ဖြေရှင်းရန်​မှတစ်​ပါး အခြားမရှိ​တော့ပြီ။

ကျွန်​​တော်​ကြားဖူးတာ တစ်​ခုရှိသည်​။

ဆွေး​နွေးပါ။တိုင်​ပင်​ပါ။တင်​ပြပါ။အ​ကောင်းဆုံးများကို စု​ပေါင်းပြီး အ​ကောင်းဆုံးဖြစ်​မည့်​ တစ်​ခုကို ​ရွေးထုတ်​ပါ။ဒါဆို သင့်​အခက်​အခဲ ၉၉.၉ရာခိုင်​နှုန်း ​အောင်​မြင်​မည်​။

ဟုတ်​ပါရဲ့လား ဆရာကြီးများ။
ကျွန်​​တော်​တို့တစ်ေ​တွ အ​ကောင်းဆုံး ​ဖြေရှင်းကြပါစို့ ဟု တိုက်​တွန်းနှိုး​ဆော်​လိုက်​ပါသည်​။

အကယ်​၍ ကျွန်​​တော်​တင်​ပြသည်​မှာ အမှား​လေးများပါခဲ့ပါက ​တောင်းပန်​ပါသည်​။မည်​သူ့ကိုမှ မရည်​ရွယ်​ပါ။မည်​သူ့ကိုမှ မပုတ်​ခတ်​ပါဗျ။
ကျွန်​​တော်​မှားလျှင်​လည်း ​စေတနာ အမှား ဖြစ်​ပါလိမ့်​မည်​။

ဝိုင်းဝန်း​ဖြေရှင်းကြပါစို့

Admin-4

No comments:

Post a Comment