Monday, March 24, 2014

မှတ်​ပုံတင်​မဲ့ ​မော်​​တော်​ဆိုင်​ကယ်​များကို ဇွန်​လကုန်​ထိ ဖမ်းဆီးမည်​မဟုတ်

ရန်ကုန် ၊ ၂၄-၃-၂၀၁၄

မှတ်ပုံတင်မဲ့ မော်တော် ဆိုင်ကယ်များကို မှတ်ပုံတင် ဆောင်ရွက် ပေးလျက်ရှိရာ ယင်း ဆောင်ရွက် ပေးသော ကာလအတွင်း ဖမ်းဆီးခြင်း ရှိမည် မဟုတ်ကြောင်း သိရသည်။

မှတ်ပုံတင်မဲ့ မော်တော် ဆိုင်ကယ်များကို ( One stop service ) ဖြင့် မှတ်ပုံတင် ဆောင်ရွက်ခြင်း ကို ၁၇.၂.၂ဝ၁၄ ရက်မှ ၄.၇.၂ဝ၁၄ ရက်အထိ ရုံးဖွင့်ရက် (၉ဝ) တွင် ဆောင်ရွက် ပေးလျှက် ရှိကြောင်း ပို့ဆောင် ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ သို့ စစ်ကိုင်းတိုင်း ဒေသကြီး ခရီးစဉ်တွင် မေးမြန်း အကြံပြုချက် များအပေါ် သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ချက် များအား ထုတ်ပြန် ကြေညာချက် အရ သိရသည်။

အဆိုပါ ဆောင်ရွက်ချက် ကာလ ဇွန်လကုန် ဇူလိုင်လ ၄ ရက်နေ့ အထိ မှတ်ပုံတင်မဲ့ မော်တော် ဆိုင်ကယ်များကို ဖမ်းဆီးဦးမည် မဟုတ်ကြောင်း သိရသည်။ ယင်းရက်များ တွင် ဖမ်းဆီးခြင်း မရှိသော်လည်း စီမံချက် ကုန်ဆုံးပါက ဖမ်းဆီး အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကြေညာ ထားခဲ့ပြီး ဖြစ်သည်။

ရှောင်တခင် စစ်ဆေးစဉ် လိုင်စင်မဲ့ ဆိုင်ကယ်များအား သိမ်းဆည်းမှု အစား ဒဏ်ငွေများကို အဆင့်ဆင့် တိုးမြှင့် ၍ရိုက်ပြီး သတ်မှတ်အချိန် ကုန်မှသာ ဆိုင်ကယ် များအား သိမ်းဆည်း သင့်ကြောင်း နှင့် ဆိုင်ကယ်များ တွင် ကညန လိုင်စင်၊ စည်ပင်ဘီးခွန် မရှိ၍ စည်းကမ်းပျက် ဆိုင်ကယ်များကို ဒဏ်ငွေသာ ရိုက်သင့်ကြောင်း၊ သိမ်းဆည်းရန် မလိုကြောင်း လုပ်ဆောင် ပေးနိုင်ရန် မေးမြန်းချက် နှင့် ပတ်သက်၍ ပို့ဆောင် ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ က ဖြေကြား ခဲ့ခြင်း ဖြစ်သည်။ မှတ်ပုံတင်မဲ့ မော်တော် ဆိုင်ကယ်များ အခွန်ဆောင်၍ မှတ်ပုံတင် ပြုလုပ် ပေးလျှက်ရှိရာ ယခု စီမံချက်သည် နောက်ဆုံး အကြိမ် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ် များအား တရားဝင် မှတ်ပုံတင် ပေးခြင်းသည် အဓိက အားဖြင့် ကျေးလက်နေ ပြည်သူများ သွားလာရေး အတွက် အဆင်ပြေ ချောမွေ့ပြီး စည်းကမ်း ဥပဒေကို လေးစား လိုက်နာရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကြိမ်ဖန်များစွာ ဆောင်ရွက်လျှင် ဥပဒေကို ချိုးဖောက်ရန် တွန်းအားပေး သကဲ့သို့ ဖြစ်လာမည်ကို တွက်ဆလျက် ရရှိနေကြ ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက် အရ သိရသည်။ ထို့ကြောင့် ယခု စီမံချက်သည် နောက်ဆုံး အကြိမ် ဆောင်ရွက်ခြင်း ဖြစ်ပြီး စီမံချက် ကာလ ပြီးဆုံးသွား ပါက မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ် များအား ဖမ်းဆီး သိမ်းဆည်းခြင်း၊ ယာဉ်လက်ဝယ် ရှိသူများအား အရေးယူ ခြင်းဖြင့် ထိရောက်စွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကြေညာ ထားသည်။ (အင်တာနက် ၁၅/၁၃)

Themyawadydaily
Visit website


Posted via Blogaway

No comments:

Post a Comment