Monday, March 31, 2014

စလင်းမြို့ နယ်​ လစာထုတ်​ အစည်းအ​ဝေးတွင်​ လစာထုတ်​ယူရာတွင်​ ​ငွေကွာမှုများ ဖြစ်​ပါ်

မ​ကွေးတိုင်း​ဒေသကြီး၊စလင်းမြို့ နယ်​၊စလင်းမြို့နယ်​ ပညာ​ရေးမိသားစုသည်​ အုပ်​စု(၅)အုပ်​စုခွဲ၍ စလင်းမြို့နယ်​ စီးပွား​ရေးဘဏ်​မှ ​ငွေထုတ်​ယူရပါသည်​။
တစ်​မြို့ နယ်​လုံးမှ ဆရာ၊ဆရာမများအားလုံးအတွက်​ စု​ပေါင်း၍ ​ငွေထုတ်​ယူရာတွင်​ ​ငွေ​ကြေးကွာဟချက်​များမှာ လစဉ်​နီးပါး ဖြစ်​​ပေါ်​နေပါသည်​။
ထို့သို့ ဖြစ်​​ပေါ်​နေ​သော ​ငွေ​ကြေးကွာဟချက်​များကို မြို့နယ်​ပညာ​ရေးမှူး၊နယ်​​မြေခံလက်​​ထောက်​ဆရာကြီးများ၊အုပ်​စု​ခေါင်း​ဆောင်​ ဆရာကြီးများ စု​ပေါင်း၍ အ​ဖြေရှာသင့်​​နေပါသည်​။
စလင်းမြို့နယ်​ ဆရာ၊ဆရာမများအတွက်​ လစာထုတ်​ယူပုံစနစ်​မှာ ယခုအတိုင်းဆိုလျှင်​ ဆက်​တိုက်​ဆက်​တိုက်​ ဖြစ်​​ပေါ်​နေမည့်​ ​ဖြေရှင်းလို့ မရ​တော့မည့်​ နည်းစနစ်​ပင်​ ဖြစ်​လာ​တော့မည်​။
လစာထုတ်​ယူရာတွင်​ အုပ်​စု​ပေါင်း (၂၀) ​ကျော်​အတွက်​ အုပ်​စု (၅)စု ထပ်​ဖွဲ့၍ ​စီးပွား​ရေးဘဏ်​သို့ ​လစာငွေထုတ်​ယူ​ရေးအဖွဲ့ ထပ်​ဖွဲ့သည်​။ထို (၅) ဖွဲ့မှ တစ်​ဆင့်​ မိမိအဖွဲ့တွင်​ပါဝင်​​သော ​ကျောင်းအုပ်​စုများကို လစာ​ငွေထပ်​ခွဲသည်​။ထို​ကျောင်းအုပ်​စု တစ်​ခုချင်းစီမှ သက်​ဆိုင်​ရာ ​ကျောင်းအုပ်​ဆရာ/ဆရာမ ကြီးများထံသို့ ​လစာငွေထပ်​မံခွဲ၍ ​ပေးသည်​။ ထို ​ကျောင်းအုပ်​ဆရာ/ဆရာမကြီးများထံမှ မိမိလက်​​အောက်​ ဆရာ၊ဆရာမများ၊အခြားဝန်​ထမ်းများကို လစာ​ငွေထပ်​မံ ခွဲ​ပေးပြန်​သည်​။ဤသို့ အဆင့်​ဆင့်​ ​လစာ​ငွေ ထပ်ဆင့်​ခွဲ​ပေး​နေခြင်းမှာ ​ငွေကွာချက်​ ကြီးမားနိုင်​ပါသည်​။
၃၁.၃.၂၀၁၄/မတ်​လ လစာထုတ်​ယူရာတွင်​ ​ဇောင်​ချမ်းကုန်း​ကျောင်းအုပ်​စု(မိသားစု)တွင်​ ​ငွေကျပ်​ တစ်​သိန်းကွာဟသွားသည်​။ထိုသို့ ကွာဟသွားခြင်းမှာ အဘယ်​​ကြောင်​နည်း။အဆင့်​ဆင့်​ စဉ်းစားရန်​လိုသည်​။စီးပွား​ရေးဘဏ်​မှ ထုတ်​ယူရာတွင်​ ကွာဟချက်​မရှိနိုင်​​ပေ။ဘဏ်​မှ အတိအကျ ဖြစ်​နိုင်​သည်​။ဇောင်​ချမ်းကုန်းအုပ်​စုကို တာဝန်​ခံထုတ်​​ပေး​သော အုပ်​စု (၅)စုမှ တစ်​စုသည်​​ငွေထုတ်​​ပေးရာတွင်​ ကွာသွားသလား၊၊ဒါမှမဟုတ်​ ​ဇောင်​ချမ်းကုန်းအုပ်​စုမှ အုပ်​စု​ခေါင်း​ဆောင်​(သို့)တာဝန်​ခံထုတ်​​ပေး​သောသူသည်​ ​ကျောင်းမိသားစုထဲမှ ​ကျောင်းတစ်​​ကျောင်းအား လစာ​ငွေ ပို၍(သို့)​ငွေအုပ်​များလွဲ၍လား စသည်​ဖြင့်​ စဉ်းစားနိုင်​သည်​။ယခုလမှာ ပို၍ဆိုးသည်​က သန်း​ခေါင်​စာရင်း​ကောက်​ခံ​သောလဖြင့်​တိုက်​ဆိုင်​​နေသဖြင့်​ လစာ​ငွေထုတ်​ယူရာတွင်​ လုပ်​ငန်းပိုင်းဆိုင်​ရာမကျွမ်းကျင်​​သော​​ကြောင့်​လည်း ဖြစ်​နိုင်​​ပေသည်​။အဘယ့်​​ကြောင့်​ဆို​သော်​ အုပ်​စု​ခေါင်း​ဆောင်​အများစုသည်​ သန်း​ခေါင်​စာရင်းအတွက်​ အလုပ်​များ​နေ​သော​ကြောင့်​ ဖြစ်​သည်​။သို့​သော်​ အုပ်​စု​ခေါင်း​ဆောင်​များ ထုတ်​ယူ​သော လတွင်​လည်း ​လစာ​ငွေကွာဟချက်​များ ဖြစ်​သည်​မှာ အထင်​အရှားပင်​။ပြီးခဲ့​သော လများတွင်​ အ.မ.က မူလွန်​ ကန်​​တော်​တွင်​လည်း လစာ​ငွေ ကွာဟခဲ့သည်​။ယခင်​လများတွင်​လည်း အနည်းအများဆို ကွာဟခဲ့​ပေသည်​။
ဒီကိစ္စအား​ဖြေရှင်းရန်​မှာ ​ခေါင်း​ဆောင်​များဖြစ်​​သော မြို့ နယ်​ပညာ​ရေးမှူး၊လက်​​ထောက်​မြို့ နယ်​ပညာ​ရေးမှူးများ၊​ကျောင်းမိသားစု ​ခေါင်း​ဆောင်​များ စု​ပေါင်းညှိနှိုင်း၍ အ​ဖြေရှာသင့်​ပြီဖြစ်​သည်​။
ယခုအတိုင်းသာ ဆက်​သွားပါက လစာ​ငွေကွာဟ​နေမည်​မှာ ​သေချာစဉ်းစားကြည့်​ပါက အမှန်​ပင်​​ဖြစ်​​နေပါလိမ့်​မည်​။ဒီနည်းလမ်းထက်​​ကောင်း​သောနည်းလမ်းများရှာ​ဖွေသင့်​ပါပြီ။ကျွန်​​တော်​တို့ ​ကျောင်းဆရာ၊ဆရာမများမှာ လစာကို မှီခို၍စာ​နေရ​သောသူများ ဖြစ်​ပါသည်​။မိသားစုစားဝတ်​​နေ​ရေးကို လစာ​ငွေ ကျပ်​တစ်​သိန်းဖြင့်​ တစ်​လလုံး လူမှု​ရေး၊စီးပွား​ရေး၊ကျန်းမာ​ရေး ဘာ​ရေးညာ​ရေးများကို ​လစဉ်​ ​နေ့စဉ်​ ​ဖြေရှင်း​ပေး​နေရပါသည်​။ထိုလစာ​ငွေ ကျပ်​တစ်​သိန်း ကွာဟမှုသည်​ ​ကျောင်းဆရာ/ဆရာမ တစ်​​ယောက်​၏တစ်​လ ဝင်​​ငွေဖြစ်​သည်​။ထို့သိ့ကွာဟသွားလျင်​ ထိုဆရာ၊ဆရာမ လစာမရခဲ့လျှင်​ ​နောက်​ဆက်​တွဲပြဿနာများကို စဉ်းစားကြည့်​လျှင်​ ကျွန်​​တော်​တို့ဆရာ ဆရာမများသာ သိသည်​။အကယ်​၍ ​နောင်​တစ်​ချိန်​တွင်​ ယခု ​ဇောင်​ချမ်းကုန်းအုပ်​စုကဲ့သို့ ကွာဟ​နေလျင်​ မည်​သို့ လုပ်​ကြမည်​နည်း။ဇောင်​ချမ်းကုန်းအုပ်​စုမှ ဆရာကြီးက သူစိုက်​ထုတ်​၍ ကွာ​သောလစာကို ​ပေးသည်​။စိတ်​သ​ဘော ဖြူ​ပေစွ။ဆရာကြီးစိတ်​ဓာတ်​ကို ချီးကျူးမိသည်​။မိမိ​ကြောင့်​ဟု အဖြစ်​မခံချင်​။
ထိုသည်​မှာ ဆရာကြီး စိတ်​ဓာတ်​ဟု ထင်​မြင်​မိသည်​။
သို့​သော်​ ​ဇောင်​ချမ်းကုန်းအုပ်​စုမှ ဆရာ၊ဆရာမများက တစ်​​ယောက်​လျှင်​ ၃၅၀၀ကျပ်​နှုန်းဖြင့်​ ထိုကိစ္စအား ​ဖြေရှင်းလိုက်​ကြရသည်​။ယခင်​လတွင်​​ငွေကွာသွား​သော ကန်​​တော်​မှ ဆရာကြီးမှာ လစာ​ငွေကွာဟချက်​များကို အိတ်​စိုက်​၍ ​ဖြေရှင်းလိုက်​ရသည်​ဟု ကြားသိရသည်​။
ထိုသို့ကွာဟချက်​သည်​ ​ကျောင်းတစ်​​ကျောင်း​ကျောင်း အကယ်​၍ ပိုပါသွားလျှင်​ ထို​ကျောင်းမှ ပြန်​လည်​​ပေးသင့်​သည်​။ကိုယ်​ချင်းစာသင့်​သည်​။ငါသာ သူ့​နေရာမှာ ဆိုရင်​   ဆိုတဲ့အ​တွေးမျိုး ​တွေး​ပေးသင့်​သည်​။ငွေကျပ်​တစ်​သိန်းဖြင့်​ ကိုယ်​၏သိက္ခာကျင့်​ဝတ်​များကို လဲလှယ်​သင့်​သလား။ဒီ​ကောင်​​တွေဘာမှမသိဘူး။ယူထားလိုက်​ဦးမှ ဆိုသည့်​ အ​တွေးများ ​ဖျောက်​သင့်​ပြီ။အရာရာကို ကိုယ်​ချင်းစာသင့်​သည်​။
ထိုကိစ္စများ​ပြေလည်​​စေရန်​၊​ငွေကွာဟမှု မရှိ​စေရန်​အတွက်​ အုပ်​စု​ခေါင်း​ဆောင်​များ သိသိကြီး ဇွတ်​လုပ်​​နေသည်​။အုပ်​စုအစည်းအ​ဝေးတွင်​ ထိုကိစ္စများကို ​ဖြေရှင်းရန်​ တင်​ပြမည့်​သူမရှိ။အ​ကောင်းဆုံးဟု ထင်​​နေကြသည်​လားမသိ။
အ​ကောင်းဆုံး ​ဖြေရှင်းရန်​မှတစ်​ပါး အခြားမရှိ​တော့ပြီ။

ကျွန်​​တော်​ကြားဖူးတာ တစ်​ခုရှိသည်​။

ဆွေး​နွေးပါ။တိုင်​ပင်​ပါ။တင်​ပြပါ။အ​ကောင်းဆုံးများကို စု​ပေါင်းပြီး အ​ကောင်းဆုံးဖြစ်​မည့်​ တစ်​ခုကို ​ရွေးထုတ်​ပါ။ဒါဆို သင့်​အခက်​အခဲ ၉၉.၉ရာခိုင်​နှုန်း ​အောင်​မြင်​မည်​။

ဟုတ်​ပါရဲ့လား ဆရာကြီးများ။
ကျွန်​​တော်​တို့တစ်ေ​တွ အ​ကောင်းဆုံး ​ဖြေရှင်းကြပါစို့ ဟု တိုက်​တွန်းနှိုး​ဆော်​လိုက်​ပါသည်​။

အကယ်​၍ ကျွန်​​တော်​တင်​ပြသည်​မှာ အမှား​လေးများပါခဲ့ပါက ​တောင်းပန်​ပါသည်​။မည်​သူ့ကိုမှ မရည်​ရွယ်​ပါ။မည်​သူ့ကိုမှ မပုတ်​ခတ်​ပါဗျ။
ကျွန်​​တော်​မှားလျှင်​လည်း ​စေတနာ အမှား ဖြစ်​ပါလိမ့်​မည်​။

ဝိုင်းဝန်း​ဖြေရှင်းကြပါစို့

Admin-4

Saturday, March 29, 2014

ကျောင်း​ရှေ့တွင်​ ထားရမည့်​ အလံတိုင်​ ပုံစံ

ကျောင်း​ရှေ့တွင်​ ထားရမည့်​ အလံတိုင်​ ပုံစံ

၁။တိုင်​အမြင့်​​ပေ ​ပေ၂၀ ထက်​ မနိမ့်​ရ။

၂။ထိပ်​ဆုံးမ ၅​ပေတွင်​ ၆​ပေတန်းပါရှိရမည်​။

၃။ထိပ်​ဆုံးတွင်​ ပြည်​​ထောင်​စုအလံကို လွှင့်​ထူရမည်​။

၎။တစ်​ဖက်​တွင်​ တာဝန်​ကျအလံကို လွှင့်​ထူရမည်​။

၅။အခြားတစ်​ဖက်​တွင်​ ရမှတ်​အဆင့်​အလိုက်​ အသင်းအလံများ လွှင့်​ထူရမည်​။

အ​နော်​ရထာ = လိ​မ္မော်​​ရောင်

ကျန်​စစ်​သား =အဝါ​ရောင်

ဘုရင့်​​နောင်​  =အစိမ်း​ရောင်

အ​လောင်းဘုရား =အနီ​ရောင်
   
ဗန္ဓုလ         =အပြာ​ရောင်

Admin-4

Friday, March 28, 2014

ရှင်းလင်း​ရေး

ဒီ​ကောင်​​လေးက ကျွန်​​တော်​တို့ ဖုန်း​တွေမှာ အင်​တာနက်​သုံးလို့ ဖုန်း​လေး​နေတာ​တွေကို ရှင်း​ပေးမယ့်​​ကောင်​​လေးပါဗျ
အမှိုက်​များ အားလုံးကို ရှင်းလင်း​ပေးပြီး ဖုန်းကို ပြန်​ပြီး သွက်​လက်​​စေပါ​နော်

အောက်​က link မှာ ​ဒေါင်းပါဗျ

undefined has sent you a file on MediaFire

Admin-4

အင်​တာနက်​Speedမြှင့်​Softwareများစုစည်းမှု

အင်​တာနက်​ speedမြှင့်​ဖို့အတွက်​ စုစည်းထားတဲ့ softwareများဖြစ်​ပါတယ်​။စုစု​ပေါင်း ၁၅ခု​လောက်​​တော့ရှိမှာပါ။လိုအပ်​မယ့်​ အရာ​လောက်​ပဲ သုံးပါဗျ
အောက်​က linkမှာ downloadလုပ်​နိုင်​ပါလိမ့်​မယ်

https://db.tt/Pc3MYA5H

Admin-4

Internet Speed Up

ဒါ​လေးက ကျွန်​​တော်​တို့အတွက်​ မရှိမဖြစ်​အ​ရေးကြီးတဲ့​ကောင်​​လေးပါပဲ။ MPTက လိုင်းမ​ကောင်းလို့ အင်​တာနက်​ လိုင်းဖွင့်​တိုင်းအများကြီး စိတ်​ညစ်​ရပါတယ်​။ဟုတ်​ပါတယ်​​နော်​။
ဒီ​ကောင်​​လေးက အင်​တာနက်​ မြန်​နှုန်းမ​ကောင်းတာကို မြှင့်​​ပေးတဲ့အတွက်​ လုံးဝ Very Good ပါပဲ။
ဖိုင်​ဆိုက်​ကလဲ  နည်းနည်းပဲရှိတဲ့အတွက်
okစွာ ဆွဲလိုက်​ပါ၊၊

အောက်​ကlinkကိုနှိပ်​လိုက်​ပါ

undefined has sent you a file on MediaFire

Admin-4

လာမည့်​ပညာသင်​နှစ်​တွင်​ အ​ခြေခံပညာ​ကျောင်းများ သင်​ရိုးအသစ်​ဖြင့်​ သင်​ကြားမည်

မြန်​မာနိုင်​ငံရှိ အ​ခြေခံပညာ မူလတန်း၊အလယ်​တန်းနှင့်​အထက်​တန်း​ကျောင်းသားများအတွက်​ ​လေ့လာချိန်​ပိုမိုရရှိ​စေရန်​ သင်​ရိုးမာတိကာများ အသီးသီး​လျှော့ချထားသည့်​ သင်​ရိုးသစ်​ကို လာမည့်​ပညာသင်​နှစ်​တွင်​ စတင်​သင်​ကြားသွားမည်​ဖြစ်​​ကြောင်း သိရသည်​။
            အဆိုပါ​ကျောင်းသုံးစာအုပ်​များတွင်​ ပါဝင်​​သော သင်​ခန်းစာများနှင့်​ပတ်​သက်​၍ မူလတန်းအဆင့်​တွင်​ ၂၀ရာခိုင်​နှုန်း၊အလယ်​တန်းအဆင့်​နှင့်​အထက်​တန်းဆင့်​တွင်​၁၁ရာခိုင်​နှုန်း အသီးသီး​လျှော့ချထားသည့်​ မာတိကာ၊ညွှန်းတမ်းများနှင့်​ဖတ်​စာအုပ်​များကို အသုံးပြုရန်​ ​ဆောင်​ရွက်​ထား​ကြောင်း ပညာ​ရေးဝန်​ကြီးဌာန ဒုတိယဝန်​ကြီး ​ဒေါက်​တာ​ဇော်​မင်း​အောင်​က ​ပြောကြားခဲ့ခြင်းဖြစ်​​ကြောင်း သိရှိရပါသည်​။
           အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါက်​တာမြင့်​ကြည်​က ယင်းကိစ္စနှင့်​ပတ်​သက်​၍ ​ပြောကြားရာတွင်​ မြန်​မာနိုင်​ငံ၏ လက်​ရှိအ​ခြေခံသင်​ရိုးသည်​ သင်​ခန်းစာများ များပြားစွာ ပါဝင်​​နေပြီး ​ကျောင်းတွင်းနှင့်​မလုံ​လောက်​သည့်​ ကျူရှင်​များ ​ပေါ်​ပေါက်​လာရ​ကြောင်း ထို့​ကြောင့်​သင်​ရိုးများကို ဆန်းစစ်​ရန်​လိုအပ်​​နေပြီဖြစ်​​ကြောင်း၊၎င်းအပြင်​ ​ကျောင်းသားများစိတ်​ပိုင်းဆိုင်​ရာ၊ရုပ်​ပိုင်းဆိုင်​ရာများ ဖွံ့ ဖြိုး​စေရန်​အတွက်​ နည်းနည်းသင်​ များများ​လေ့လာရ​သော သင်​ခန်းစာမျိုး ဖန်​တီး​ပေးရန်​လိုအပ်​​ကြောင်း ၎င်းက အကြံပြု​ပြောကြားခဲ့​ကြောင်း သိရှိရသည်​။
         ထို့​နောက်​ ဒုတိယဝန်​ကြီးက ​ပြောကြားရာတွင်​ နည်းနည်းများများ ​လေ့လာရ​သော သဘာဝတရားကို အ​ခြေခံပြီး သင်​ကြားခြင်းကို ​ကျောင်းသားဆရာအချိုး ၁:၂၀ ရှိမှသာ ​အောင်​မြင်​နိုင်​မည်​ဖြစ်​​ကြောင်း၊လက်​ရှိမြန်​မာနိုင်​ငံ၏ ​ကျောင်းသားဆရာအချိုးမှာ ၁:၃၀ ဖြစ်​​ကြောင်း၊ယခုပြုပြင်​ထား​သော သင်​ရိုးမာတိကာအသစ်​သည်​ ​ကျောင်းသားများကိုယ်​တိုင်​ များများ​လေ့လာသင်​ယူနိုင်​​သော နိုင်​ငံတကာအ​ရည်​အ​သွေးရှိ​ကြောင်း၊ထို့​ကြောင့်​ လာမည့်​ ပညာသင်​နှစ်​တွင်​ မူလတန်း​ကျောင်းတိုင်း၌ ​ကျောင်းအုပ်​ဆရာကြီး အပါအဝင်​ ဆရာအင်​အားအနည်းဆုံး ငါးဦး ခန့်​ထားနိုင်​ရန်​ စီစဉ်​​နေ​ကြောင်း ၎င်းက ​ပြောကြားခဲ့သည်​။

Admin-4

Credit-တို့​ကျေးရွာ
    

Thursday, March 27, 2014

ဆေးရွက်​ကြီးသည်​ မျိုးပွားခြင်းကိုထိခိုက်​​စေ

&​ဆေးလိပ်​​သောက်​ခြင်း၊​ဆေးပါ​သော ကွမ်းစားခြင်းတို့သည်​ မျိုးပွားနိုင်​စွမ်းကို ထိခိုက်​​စေနိုင်​ပါသည်​။

&အမျိုးသမီးများ ​ဆေးလိပ်​​သောက်​ခြင်း​ကြောင့်​ မြုံခြင်း၊ကိုယ်​ဝန်​​ဆောင်​ရန်​ ​နှောင့်​​နှေးခြင်း၊အလိုအ​လျောက်​ ကိုယ်​ဝန်​ပျက်​ကျခြင်းတို့ ဖြစ်​နိုင်​ပါသည်​။

&အမျိုးသား ​ဆေးလိပ်​​သောက်​သုံးပါကလည်း မြုံခြင်း၊လိင်​ဆက်​ဆံရာတွင်​ အခက်​အခဲရှိခြင်း၊သုတ်​ပိုးအ​ရေအတွက်​ ​လျော့နည်းခြင်း၊ပန်း​သေခြင်းတို့ ဖြစ်​နိုင်​ပါသည်​။

&ဇနီးကိုယ်​တိုင်​ ​ဆေးလိပ်​မ​သောက်​​သော်​လည်း ခင်​ပွန်းဖြစ်​သူ ​ဆေးလိပ်​​သောက်​ခြင်းနှင့်​ ​ဆေးလိပ်​မီးခိုး​ငွေ့ များကို ရှူရှိုက်​ရ​သော​ကြောင့်​ ကိုယ်​ဝန်​ရရန်​ ခက်​ခဲနိုင်​ပါသည်​။

                         ကျန်းမာ​ရေးဝန်​ကြီးဌာန

Credit-တို့​ကျေးရွာ

Admin-4

Wednesday, March 26, 2014

မှတ်​သားသင့်​တဲ့ စာသား​လေးပါ

မှတ်​ထားပါဗျ

Admin-4


မှန်​ပါတယ်

ဆရာ တစ်​​ယောက်​ဖြစ်​ဖို့ လွယ်​ကူတဲ့ကိစ္စတစ်​ခုမဟုတ်​ပါဘူးဗျ

Admin-4


Installပြုလုပ်​ခြင်း

မ​နေ့က ဆရာကြီးတစ်​​ယောက်​ Softwareတစ်​ခုကို install လုပ်​မရလို့ ပြဿနာ တက်​​နေပါသတဲ့။ဒါက ဖုန်းကိုင်​တဲ့သူအားလုံး သိပြီးသားဖြစ်​​ပေမယ့်​ စပြီး ဖုန်းကို သုံးသူ​တွေအတွက်​​တော့ ဘာလုပ်​တာမှန်းမသိတာ အမှန်​ပါ။
သိတဲ့သူများမဖတ်​ပါနဲ့ဗျ။ကျော်​သွား​စေချင်​ပါတယ်​။တစ်​ချို့ဆရာကြီး​တွေက တစ်​ကယ်​မသိတာပါ။
ကဲ ဆရာကြီးများခင်​ဗျား 
ကျွန်​​တော်​​ပြောပြပါ့မယ်​။
installလုပ်​တယ်​ဆိုတာ ပရိုဂရမ်​(သို့)applicationတစ်​ခုခုကို အလုပ်​လုပ်​​စေနိုင်​ရန်​အတွက်​ ထည့်​သွင်းခြင်း ဖြစ်​ပါတယ်​။
ပရိုဂရမ်​ဆိုတာ  ကွန်​ပျူတာအတွက်​ပါ။applicationဆိုတာကဖုန်းအတွက်​ပါဗျ၊၊
ကျွန်​​တော်​က​  ဖုန်းအတွက်​​ပြောမှာဆို​တော့
application​တွေကို တစ်​ချို့က ကြိုက်​ရင်​ ဒီအတိုင်းထားတယ်​၊၊မကြိုက်​​တော့ဘူးဆိုရင်​uninstall(မထည့်​သွင်း​တော့ခြင်း)ပြုလုပ်​လိုက်​ပါတယ်​။
တစ်​ချို့ဖုန်း​တွေက installပြုလုပ်​တာ မြန်​သလို တစ်​ချို့ဖုန်း​တွေက installပြုလုပ်​တာ ကြာပါတယ်​ဗျ။
ဒါ ဘာ​ကြောင့်​လဲ
ကျွန်​​တော်​တို့ လက်​​တွေ့ အ​ဖြေရှာကြည့်​မယ်
ခု ဖုန်းရဲ့  application​တွေထဲက Task Manager ကိုရှာလိုက်​ပါဗျ

တွေ့လားမသိဘူး၊၊​တွေ့ ပြီဆိုရင်​ Ramထဲကိုဝင်​ကြည့်​လိုက်​ပါ။Ramကို တစ်​ချက်​နှိပ်​ကြည့်​လိုက်​ပါလို့​ပြောတာပါဗျ။
ုပြီးရင်​ Ram ပမာဏကို​ဖော်​ပြ​ပေးထားပါတယ်
ဥပမာ ကျွန်​​တော်​ကိုင်​တာက SAMSUNG Galaxy Aceပါ။Ram က 278MBပဲပါပါတယ်​။အလွန်​ကို နည်းပါးလွန်းတဲ့ပမာဏပါဗျ။MB ဆိုတာ မက်​ကာဘိုက်​ လို့​ခေါ်ပါတယ်​ဗျ၊၊MB​အောက်​ငယ်​တာKb ကီလိုဘား။ငယ်​စဉ်​ကြီးလိုက်​ဆိုရင်
Kb; MB; Gb(ကီလိုဘား၊မက်​ကာဘိုက်​၊ဂစ်​ဘ်​)စသည်​ဖြင့်​ရှိပါတယ်​ဗျ။
ဥပမာ photo ပုံ တစ်​ပုံဆိုရင်​ Kb ဆိုက်​​လောက်​ပဲရှိပါတယ်​၊၊
သီချင်းဆိုရင်​ MB ​လောက်​၊Video ဆိုရင်​ MB​ပေါ့၊၊
တစ်​ချို့ ဖုန်း​တွေမှာ ပါပါတယ်​။သီချင်းတစ်​ပုဒ်​ရဲ့ ဆိုက်​အရွယ်​အစား၊videoဖိုင်​တစ်​ခုရဲ့ ဆိုက်​အရွယ်​အစားကို သူ့ ရဲ့​ဘေးမှာ ပြထားပါတယ်​။တစ်​ချက်​ဝင်​ကြည့်​​ပေးပါဗျ။
ဥပမာ လွမ်းလွန်းလို့      3.1MB

         ထိုင်းမင်းသမီး       6.8MB

ဆိုပြီး ပြပါလိ​မ့်​မယ်​။Zapya​တွေကူးရင်​ ပိုပြီးသိရပါတယ်​ ​။ဖိုင်​ဆိုက်​အရွယ်​အစား ကို သူကပြထားပါတယ်​ဗျ။

ကဲ​  ​လေရှည်​​နေပြီ။
Ram ကို ပြန်​ဆက်​မယ်
ကျွန်​​တော့်​ဖုန်းဆိုရင်​ Rom ပမာဏ 278MBပဲရှိပါတယ်​။ဥပမာ  ကျွန်​​တော်​က facebook ကို install လုပ်​ပြီဆိုပါစို့၊၊facebookဖိုင်​ဆိုက်​က အနည်းဆုံး 13.6MBရှိပါတယ်​။ဒါ့ထက်​များဖို့ပဲရှိပါတယ်​။
installလုပ်​ပြီး sign inဝင်​ပြီး facebookကို သုံးလိုက်​ရင်​ ဖိုင်​ဆိုက်​30MBကို ​ကျော်​လွန်​သွားမှာ အ​သေအချာပါပဲ၊၊ဘာဖြစ်​လို့လဲဆို​တော့ ကျွန်​​တော်​တို့ရဲ့ အချက်​အလက်​ data ​တွေကို မှတ်​ထားရတဲ့ ပမာဏများလာလို့ ဖိုင်​ဆိုက်​ကလဲ ကြီးလာတာပါပဲ။Ramမှာပါတာက 278MB၊facebookသုံးလိုက်​လို့ ကုန်​လာတာ 30MB ​ကျော်​​ကျော်​၊နုတ်​လိုက်​ရင်​ ဘယ်​​လောက်​ကျန်​မလဲ၊၊ဖုန်းမှာပါတဲ့ မူရင်းapplication​တွေကို Ram တဲ့ ပမာဏကပါ​သေး၊၊ဘာမှကျန်​မှာမဟုတ်​ပါ
ဘူး။ဒါက ဖိုင်​ဆိုက်​ကြီးတဲ့ application;Game​တွေ အတွက်​ပါ။ကိုယ်​က application;Gameတစ်​ခုခု ကို install လုပ်​​တော့မယ်​ဆိုရင်​ အဲဒီ app;gameရဲ့ အရွယ်​အစားကို ကြည့်​ပါဦးဗျ။နည်းရင်​ အ​ကြောင်းမဟုတ်​ဘူး၊၊များရင်​ install လုပ်​မရတဲ့ ပြဿနာ ​ပေါ်လာနိုင်​ပါတယ်​ဗျ။
Ramပမာဏနည်းတဲ့ ဖုန်း​တွေအတွက်​​ပြောတာပါဗျ။
Ramပမာဏများတဲ့ Hawei ဖုန်း​တွေမှာ​တော့ okပါပဲ။Samsungမှာ တန်​ဖိုးမြင့်​တဲ့ ဖုန်းမှာ Ram ပမာဏများပြီး ကိုယ့်​စိတ်​ကြိုက်​ application​တွေ၊Game​တွေကို ထည့်​သွင်းနိုင်​ပါလိမ့်​မယ်​။
Ramနည်းရင်​​တော့ အ​ရေးကြီးတာ​လောက်​ပဲထားပါဗျ။
မလိုအပ်​တာ ဖြုတ်​​ပေးပါ။မသုံးတဲ့ Application;Game​တွေကို​ပေါ့

ကဲ  ဆရာကြီး​ရေ

အနှစ်​ချုပ်​​ပြောရရင်​ Romပမာဏများရင်
စိတ်​ကြိုက်​installလုပ်​ရန်​ မြန်​ဆန်​လွယ်​ကူပြီး
Ram ပမာဏနည်းရင်​​တော့ ကိုယ့်​မှာ ပါတဲ့ Ramနဲ့ ချိန်​ညှိပြီးမှ install လုပ်​ပါလို့ အကြံပြုပါရ​စေ ဆရာကြီး​ရေ
နောက်​တစ်​ချက်​မှတ်​ရမှာက unknown sources ကို အမှန်​ခြစ်​​ပေးရမှာကို မ​မေ့ပါနဲ့​နော်​၊၊အမှန်​ခြစ်​ပြုတ်​​နေတတ်​လို့​ပြောပြတာပါဗျ။ဒါက ဖြစ်​ခဲပါတယ်​ဗျ။Unknown Sourcesကို အမှန်​ခြစ်​ထားတာ များပါတယ်​။
Unknown Sourcesက Settingထဲမှာရှိပါတယ်​။
ကဲ ဆရာကြီး ရှင်းပါပြီ​နော်​၊၊ကျွန်​​တော်​လည်း လက်​​ညောင်း​နေပြီဗျ။ဖုန်း​ပေါ်မှာ စာ​ရေးရတာ မလွယ်​ကူပါဘူး၊၊လက်​​ညောင်း ခြင်​ကိုက်​ခံပြီး ​ရေး​ပေး​နေတာပါ။

ဒီ Post ​လေးကို ကျွန်​​တော်​ သိသ၍ တတ်​သ၍ ​လေးကို ​ပြောပြ​ပေးထားတာပါဗျ
အမှားများ ပါခဲ့ရင်​ ခွင့်​လွှတ်​​ပေးပါလို့ ​တောင်းပန်​ရင်း

Admin-4

မင်္ဂလာပါဗိုလ်​ချုပ်​ရယ်

ကျွန်​​တော်​တို့ ​လေးစားအားကျရ​သော

ကျွန်​​တော်​တို့ရဲ့ ​ရှေ့​ဆောင်​လမ်းပြဖြစ်​​သော

ကျွန်​​တော်​တို့၏ ဒုတိယအ​ဖေ

ကျွန်​​တော်​တို့၏ စွမ်းအားရှင်

ခုချိန်​မှာသာ ဗိုလ်​ချုပ်​သာ ရှိခဲ့ရင်​ ကျွန်​​တော်​တို့တိုင်းပြည်​ တိုးတက်​​လေမလားဆိုတဲ့အ​တွေး
ကျွန်​​တော်​တို့ ရင်​ထဲမှာ ခုချိန်​ထိ ​တွေး​နေတုန်းပါပ

Admin-4




မြစ်​ဆုံ

မေခနဲ့ မလိခ​ပေါင်းဆုံစည်းပြီး မြစ်​ကြီးဧရာဝတီဖြစ်​​ပေါ်လာပါတယ်​။မ​ရောက်​ဖူး​ပေမယ့်​ပုံ​လေးကို ကြည့်​ပြီး ​ရောက်​ဖူးသလားထင်​မှား​လောက်​​အောင်​ လှပတဲ့ရှုခင်း​လေးပါပဲဗျ

Admin-4


မြန်​မာနိုင်​ငံ၏ ဗဟိုချက်​မ

ဒါက​တော့ ဗဟုသုတပါ။မြန်​မာနိုင်​ငံ၏ဗဟိုချက်​မပါဗျ။


အလန်းဇယားLivewallpaper

ဒါက​တော့ အကုန်​သိထားပြီး ဖြစ်​တဲ့ Live Wallpaper ​လေးဖြစ်​ပါတယ်​။ထပ်​လိုချင်​ရင်​ ​အောက်​မှာ ​ဒေါင်းနိုင်​ပါတယ်​ဗျ ဖိုက်​ဆိုက်​လည်းနည်းနည်း​လေးပါပဲ




http://www.mediafire.com/?dx1ub2t1gzguxv5

Admin-4

စလင်း.apk

စလင်းapk​လေးပါဗျ၊၊သတင်းစုံညီစွာဖြင့်​တင်​ဆက်​ထားပြီး အ​ကြောင်းအရာမျိုးစုံ ပါဝင်​ပါတယ်​ဗျ          ​ဒေါင်းချင်​ရင်​​အောက်​မှာ ​ဒေါင်းနိုင်​မယ့်​ Link​ပေးထားပါတယ်​ဗျ             

undefined has sent you a file on MediaFire

Admin-4

Tuesday, March 25, 2014

ကျေးဇူးတင်​ပါတယ်​ ​မောက္ခရယ်

ကျွန်​​တော်​တို့ ပညာ​ရေးနယ်​ပယ်​မှာရှိတဲ့ ​မောက္ခမဂ္ဂဇင်းမှ ဆရာ၊ဆရာမ များကို ချီးကျူးထား​သော စာစု​လေးပါဗျ

Admin-4


မရှိသင့်​​တော့ပါ

ကျွန်​​တော်​တို့ နိုင်​ငံမှာ ဒီလို​ကျောင်းမျိုး ဘယ်​​လောက်​ရှိ​နေ​သေးလဲ။ဘယ်​​လောက်​ကျန်​​သေးလဲ။ဒီလို ​ကျောင်းမျိုး​ကော ကျွန်​​တော်​နိုင်​ငံမှာ ရှိသင့်​သလား။
နိုင်​ငံ​တော်​ တာဝန်​ရှိသူ​တွေက မသိကြတာလား။လုပ်​​ကို​င်​​ဆောင်​ရွက်​မှု မ​ပေးတာလား။
ဘယ်​လိုပဲဖြစ်​ဖြစ်​ အ​နေစုတ်​​နေတဲ့ တဲကုပ်​က​လေးမှာ ကျွန်​​တော်​တို့ ဘဝ​တွေကို
ပြောင်းလဲပစ်​ဖို့ အချိန်​တန်​ပါပြီဗျ

Admin-4


photos

စလင်းမြို့နယ်​ သန်း​ခေါင်​စာရင်း သင်​တန်းမှ စာရင်းစစ်​၊စာရင်း​ကောက်​ ဆရာ၊ဆရာမများမှ စလင်းမြို့နယ်​ ပညာ​ရေးမှူးရုံးသို့ လှူဒါန်း​သော ပစ္စည်းများ

Admin-4





ရွှေမှုန်​ရတီ

ယခုနှစ်​မှ အသက်​ ၁၆နှစ်​ တက္ကသိုလ်​ဝင်​တန်း ​ဖြေဆိုထား​သော ​ရွှေမှုန်​ရတီ


ဆရာပီသ တိုက်​ပုံနဲ့ဗျ

ကျွန်​​တော်​တို့ ဆရာများတိုက်​ပုံ​လေးနဲ့သာ ဆိုပါက အလွန်​ပင်​ ကြည့်​​ကောင်း၍ ကျက်​သ​ရေ မင်္ဂလာအလွန်​ရှိပါ၏

Admin-4


ကာတွန်း

မှန်​လိုက်​​လေ ကာတွန်းဆရာရယ်

ဒီနှစ်​​တော့ ​အေး​အေး​ဆေး​ဆေး အနားယူမယ်​လို့ ဆုံးဖြတ်​ထားမှ ညစ်​တယ်

Admin-4


ကာတွန်း

ဒါလဲ မှန်​တာပဲ

Admin-4


ကာတွန်း

ဒါကလဲ အမှန်​ပဲဗျ

Admin-4


Monday, March 24, 2014

နောက်​ဆက်​တွဲ

MyanmarDaily.net shared Kyaw Hlaing Win's status update. Kyaw Hlaing Win မလေးရှား Flight MH370 လေယာဉ်ကြီးဟာ တောင်အိန္ဒိယသမုဒ္ဒရာကြီးထဲကို ထိုးကျပျက်စီးသွားခဲ့ပြီး ခရီးသည်များ၊ ၀န်ထမ်းများအားလုံး တစ်ဦးမကျန်သေဆုံးသွားခဲ့ပြီဖြစ်ကြာင်း မလေးရှားဝန်ကြီးချုပ်က ဒီညမှာ အတည်ပြုသွားခဲ့ပါပြီ။ ဒီသတင်းအတွက် အထူးဝမ်းနည်းကြေကွဲမိပါတယ်။ တကယ်ဆိုရင် မဖြစ်နိုင်မှန်းသိနေပေမယ့် လေယာဉ်ကြီးကို တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ အကောင်းအတိုင်း ဘွားကနဲပြန်တွေ့လေမလား၊ ဒါမှမဟုတ် ခရီးသည်တွေကို အသက်ရှင်လျက်များ ပြန်တွေ့ရလေမလားဆိုပြီး ဒီ၂ပတ်ကျော်ကာလတွေမှာ ရင်တထိတ်ထိတ်နဲ့စောင့်စားမျှော်လင့်နေခဲ့မိတာပါ။ ကျွန်တော်တို့တွေတောင် ဒီလိုမျှော်လင့်နေခဲ့မိသေးရင် သေဆုံးသွားရှာသူများရဲ့ မိသားစု၊ ဆွေမျိုးများဆိုရင်တော့ ဘယ်လောက်တောင် မျှော်လင့်ခဲ့ကြရှာမယ်ဆိုတာ ပြောဖွယ်ရာတောင်မရှိတော့ပါဘူး။ ခုလိုအချိန်ဆိုရင်လည်း ဘယ်လောက်တောင် ဖြေမဆည်နိုင်အောင် ၀မ်းနည်းကြေကွဲနေကြရှာမလဲ။ တကယ်ကို ကိုယ်ချင်းစာမိပါတယ်။ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးလည်း ၀မ်းနည်းနေကြမှာပါ။ တွေးကြည့်လို့၊ မြင်ယောင်ခံစားကြည့်လို့ရပါတယ်။ လေယာဉ်ကြီးရဲ့ နောက်ဆုံးအချိန်မှာ ခရီးသည် ၂၂၆ဦးနဲ့ လေယာဉ်ဝန်ထမ်း ၁၃ဦးတို့ဟာ မိမိတို့ရဲ့ နောက်ဆုံးအချိန်တွေကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့များ ဖြတ်ကျော်အဆုံးသတ်သွားခဲ့ကြရရှာမလဲဆိုတာကို။ လေယာဉ်ကြီးထဲမှာ ကမ္ဘာပျက်သလို ၀ုန်းဒိုင်းကြဲနေတဲ့ ငရဲခန်းကြီးဖြစ်နေခဲ့မှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအားလုံး ခုချိန်မှာ တတ်နိုင်တာက သေဆုံးခဲ့ကြရှာသူများအားလုံးကို ဘ၀ကူးကောင်းစေရေး ဆုတောင်းမေတ္တာပို့သပေးဖို့၊ ကျန်ရစ်သူမိသားစုများဖက်ကနေ ဖေးမကူညီ နားလည်ခံစားပေးဖို့ပါပဲ။ ကွယ်လွန်သူများအားလုံး ဘ၀၀ဋ်ကြွေးများလည်း ဒီဘ၀ဒီမျှနဲ့ပဲ ကြေပါစေတော့။ ကောင်းရာသုဂတိလားကြပါစေ.......... ရှေ့လျှောက် လေကြောင်းခရီးသွား ခရီးသည်၊ ၀န်ထမ်းများအားလုံးလည်း ဘေးအန္တရာယ်ကင်းဝေးကြပါစေ.................