Wednesday, October 1, 2014
စတုတ္ထတန်းနှင့်အဌမတန်း စာမေးပွဲမေးခွန်းများကိုသီးသန့်ပညာရှင်အဖွဲ့ကသာမေးခွန်းထုတ်မည်။
Friday, August 8, 2014
ဆရာအတတ်သင်ပညာရေးကောလိပ်ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း
၂၀၁၃-၂၀၁၄ပညာသင်နှစ်ဆယ်တန်းအောင်ကျောင်းသား/သူများကို ဆရာအတတ်သင်ပညာကောလိပ်ဝင်ခွင့်များခေါ်နေကြောင်းကြားသိရပါသည်။လျှောက်လွှာကိုမြို့နယ်ပညာရေးမှူးရုံးတွင်ရယူနိုင်ပါသည်။ဆယ်တန်းအောင်မြင်ကြောင်းထောက်ခံစာ၊အမှတ်စာရင်း၊ရပ်ကွက်ကျေးရွာထောက်ခံစာများလိုအပ်မည်။၂၀ရက်နေ့တွင်လျှောက်လွှာပိတ်မည်ဟုသိရှိရပါသည်။အသေးစိတ်ကို မြို့နယ်ပညာရေးမှူးရုံးထံတွင်စုံစမ်းပါ။
ဟိန်းကိုကိုမင်း
Tuesday, July 29, 2014
မကွေးပညာရေးကောလိပ်အာစရိယပူဇော်ပွဲအတွက်တတ်အားသမျှအလှူငွေများထည်ဝင်လှူဒါန်းကြပါရန်အကျိုးမျှော်နိုးဆော်လိုက်ရပါသည်ခင်မျာ
မကွေးပညာရေးကောလိပ်အာစရိပူဇော်ပွဲကြီးကိုနှစ်စဉ်ကျင်းပလာသည်မှာသုံးကြိမ်ပြီးဆုံး၍လေးကြိမ်မြောက်ကိုရောက်ရှိလာပါပြီ။အာစရိယပူဇော်ပွဲကိုနှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်
၂ရက်နေ့တိုင်းမကွေးပညာရေးအားကစားခန်းမအတွင်းကျင်းပါသည်။၎ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးဖြစ်မြောက်ရေးအတွက် စလင်းမြို့နယ်မှမကွေးကျောင်းဆင်းကျောင်းသား/သူဟောင်းဆရာဆရာမများတို့မှ မိမိတို့တတ်နိုင်သောလုပ်အားဒါန၊ငွေကြေးဒါနများထည့်ဝင်လှူဒါန်းပေးကြပါရန် အကျိုးမျှော်၍နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။အလှူငွေကိုလစာထုတ်ရက်တွင်စလင်းမြို့နယ်အလှူငွေကောက်ခံရေးအဖွဲ့သို့လှူဒါန်းကုသိုလ်ယူနိုင်ပါသည်။
ဦးဟိန်းကိုကိုမင်း(အလပြ)
အမက(ရ)မကျီးကုန်းကျောင်း
ph-09256042272
မကွေးပညာရေးကောလိပ်အာစရိယပူဇော်ပွဲအတွက်တတ်အားသမျှအလှူငွေများထည်ဝင်လှူဒါန်းကြပါရန်အကျိုးမျှော်နိုးဆော်လိုက်ရပါသည်ခင်မျာ
မကွေးပညာရေးကောလိပ်အာစရိပူဇော်ပွဲကြီးကိုနှစ်စဉ်ကျင်းပလာသည်မှာသုံးကြိမ်ပြီးဆုံး၍လေးကြိမ်မြောက်ကိုရောက်ရှိလာပါပြီ။အာစရိယပူဇော်ပွဲကိုနှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်
၂ရက်နေ့တိုင်းမကွေးပညာရေးအားကစားခန်းမအတွင်းကျင်းပါသည်။၎ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးဖြစ်မြောက်ရေးအတွက် စလင်းမြို့နယ်မှမကွေးကျောင်းဆင်းကျောင်းသား/သူဟောင်းဆရာဆရာမများတို့မှ မိမိတို့တတ်နိုင်သောလုပ်အားဒါန၊ငွေကြေးဒါနများထည့်ဝင်လှူဒါန်းပေးကြပါရန် အကျိုးမျှော်၍နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။အလှူငွေကိုလစာထုတ်ရက်တွင်စလင်းမြို့နယ်အလှူငွေကောက်ခံရေးအဖွဲ့သို့လှူဒါန်းကုသိုလ်ယူနိုင်ပါသည်။
ဦးဟိန်းကိုကိုမင်း(အလပြ)
အမက(ရ)မကျီးကုန်းကျောင်း
ph-09256042272
မကွေးပညာရေးကောလိပ်အာစရိယပူဇော်ပွဲအတွက်တတ်အားသမျှအလှူငွေများထည်ဝင်လှူဒါန်းကြပါရန်အကျိုးမျှော်နိုးဆော်လိုက်ရပါသည်ခင်မျာ
မကွေးပညာရေးကောလိပ်အာစရိပူဇော်ပွဲကြီးကိုနှစ်စဉ်ကျင်းပလာသည်မှာသုံးကြိမ်ပြီးဆုံး၍လေးကြိမ်မြောက်ကိုရောက်ရှိလာပါပြီ။အာစရိယပူဇော်ပွဲကိုနှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်
၂ရက်နေ့တိုင်းမကွေးပညာရေးအားကစားခန်းမအတွင်းကျင်းပါသည်။၎ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးဖြစ်မြောက်ရေးအတွက် စလင်းမြို့နယ်မှမကွေးကျောင်းဆင်းကျောင်းသား/သူဟောင်းဆရာဆရာမများတို့မှ မိမိတို့တတ်နိုင်သောလုပ်အားဒါန၊ငွေကြေးဒါနများထည့်ဝင်လှူဒါန်းပေးကြပါရန် အကျိုးမျှော်၍နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။အလှူငွေကိုလစာထုတ်ရက်တွင်စလင်းမြို့နယ်အလှူငွေကောက်ခံရေးအဖွဲ့သို့လှူဒါန်းကုသိုလ်ယူနိုင်ပါသည်။
ဦးဟိန်းကိုကိုမင်း(အလပြ)
အမက(ရ)မကျီးကုန်းကျောင်း
ph-09256042272
မကွေးပညာရေးကောလိပ်အာစရိယပူဇော်ပွဲအတွက်တတ်အားသမျှအလှူငွေများထည်ဝင်လှူဒါန်းကြပါရန်အကျိုးမျှော်နိုးဆော်လိုက်ရပါသည်ခင်မျာ
မကွေးပညာရေးကောလိပ်အာစရိပူဇော်ပွဲကြီးကိုနှစ်စဉ်ကျင်းပလာသည်မှာသုံးကြိမ်ပြီးဆုံး၍လေးကြိမ်မြောက်ကိုရောက်ရှိလာပါပြီ။အာစရိယပူဇော်ပွဲကိုနှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်
၂ရက်နေ့တိုင်းမကွေးပညာရေးအားကစားခန်းမအတွင်းကျင်းပါသည်။၎ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးဖြစ်မြောက်ရေးအတွက် စလင်းမြို့နယ်မှမကွေးကျောင်းဆင်းကျောင်းသား/သူဟောင်းဆရာဆရာမများတို့မှ မိမိတို့တတ်နိုင်သောလုပ်အားဒါန၊ငွေကြေးဒါနများထည့်ဝင်လှူဒါန်းပေးကြပါရန် အကျိုးမျှော်၍နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။အလှူငွေကိုလစာထုတ်ရက်တွင်စလင်းမြို့နယ်အလှူငွေကောက်ခံရေးအဖွဲ့သို့လှူဒါန်းကုသိုလ်ယူနိုင်ပါသည်။
ဦးဟိန်းကိုကိုမင်း(အလပြ)
အမက(ရ)မကျီးကုန်းကျောင်း
ph-09256042272
Thursday, July 10, 2014
သန်းခေါင်စာရင်းငွေထုတ်ရန်
စလင်းမြို့နယ်မှသန်းခေါင်စာရင်းပါဆရာ/မများခင်ဗျာ
၁၂၊၇၊၂၀၁၄ရက်နေ့ နံနက် ၈:၀၀နာရီတွင်
သန်းခေါင်စာရင်းငွေထုတ်ရန်နှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးရုံးသို့ မှတ်ပုံတင်များ ယူဆောင်ကာ လာရောက်ကြပါရန် အသိပေးအကြောင်း ကြားပါသည်။
Saturday, May 3, 2014
အကြံပြုပါရစေ
ကွာခြားခြင်း
လစာ ဆိုသည်မှာ ဆရာတစ်ဦးအတွက်တော့ ဘ၀ပါ ကျူရှင်သင်တော့ ဟိုတိုင် ဒီတော ဪ. . . . . . . ရင်မောရပါသော. တို့ ဆရာ.. ... .... ..... ...... ....... လစာဆိုတာ ဆရာဝန်တစ်ဦးဖို့တော့..
Tuesday, April 29, 2014
ကျောင်းလုပ်သားများ၏အခန်းကဏ္ဋ
၁။တစ်နှစ်ပတ်လုံးကျောင်းသို့မလာခြင်း
၂။အမှိုက်သရိုက်နှင့်သောက်သုံးရေကိုကျောင်းသား/သူများခပ်ရခြင်း
၃။လစာပုံမှန်ထုတ်ယူခြင်း(ရုံးမှဖြတ်ငွေကိုပင်ကျောင်းအုပ်အားအထွန့်တက်ခြင်း)
၎။တခြားမှတာဝန်လာရောက်ထမ်းဆောင်သော(က/အ နှင့် လ/ထ)များအားဘေးပြောခြင်း
၎။ATEO များလာရင်တော့နေ့တိုင်းအလုပ်လုပ်သယောင်လက်မှတ်ထိုးထားခြင်း။ATEO အားဧည့်ခံပြုစု၍ဖော်လံဖားလုပ်ခြင်း
၅။က/အမှအလုပ်ခေါ်ခိုင်းလျှင်မခြေမငံပြောဆိုခြင်း
၆။ဝန်ထမ်းများကရွာခံသင်းကိုပြန်ဂရုစိုက်နေရခြင်း။ ။(ဆက်ရန်)
သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများထိမ်းသိမ်းပေးပါရန်။(က/အ များကိုယ်စား)
!!!!"သက
Monday, April 28, 2014
ရဲမင်းထွန်း(တတ်သိသမျှ ပြန်လည်မျှဝေခြင်း)Apk
မင်္ဂလာပါ သူငယ်ချင်းများခင်ဗျ
ရဲမင်းထွန်း(တတ်သိသမျှ ပြန်လည်မျှဝေခြင်း)Apkကို သူငယ်ချင်းတို့ထံ အရောက်ပို့ပေးလိုက်ပါသည်။
Facebook Pageကို likeလုပ်ထားသော်လည်း အချိန်ပေးပြီး မဖတ်ရှုနိုင်သောသူများအတွက် အချိန်ပေးဖတ်ရှုနိုင်ရန်အတွက် ရည်ရွယ်၍Apkပြုလုပ်ခဲ့ပါသည်။
ကျွန်တော် နာမည်ကြီးချင်၍မဟုတ်ပါ။လေလုံးထွားချင်၍လည်းမဟုတ်ပါ။ကျွန်တော် သိသမျှ၊တတ်သမျှ နည်းပညာ၊ဗဟုသုတများကို နည်းပညာစိတ်ဝင်စားသော သူငယ်ချင်းများအတွက်ပါ၊၊
ယခု Apkသည် Salin News တွင်မပါဘဲ
နည်းပညာသီးသန့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ကျွန်တော်တို့ တင်သမျှ post များကို offline ဖတ်ရှုနိုင်ပါသည်။
တတ်သိသမျှ ဗဟုသုတများ၊ဖုန်းနည်းပညာများကို တတ်နိုင်သ၍ ရေးသားတင်ဆက်သွားပါမည်။
အထူးသဖြင့် Facebook Pageတွင် online မှတိုက်ရိုက်(မShareလျှင်)ဖတ်ရှုရန်မလွယ်ကူသော ကျွန်တော်တို့ တင်ထားသော post များကို ယခု သက်တောင့်သက်သာ offline ဖတ်ရှုရပါမည်။
ယခု စပြီး တင်နေသော Appyet မှ Apkလုပ်နည်းသည် ရှည်လျားထွေပြားပြီး
အချိန်ပေးဖတ်ရှုမှသာ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ဒီApkသည် သူငယ်ချင်းတို့အတွက် အဖိုးမဖြတ်နိုင်သော ဗဟုသုတ၊နည်းပညာများရရှိမည်မှာ ဧကန်မုချ ဖြစ်ပါသည်။
ကဲ ကြိုက်ရင် အောက်ပါLinkတွင် downloadဆွဲနိုင်ပါသည်ဗျ။
ရဲမင်းထွန်း(တတ်သိသမျှ ပြန်လည်မျှဝေခြင်း)Apkကို downရန်link
http://www.mediafire.com/?31c3v3x34dledlb
ရဲမင်းထွန်း(တတ်သိသမျှ ပြန်လည်မျှဝေခြင်း)
http://www.facebook.com/yemintunsalin
Friday, April 25, 2014
သာဓုခေါ်ပါ
မကွေးတိုင်းဒေသကြီး၊စလင်းမြို့နယ်၊ဂွေးပင်ဇင်အုပ်စု၊လေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် တစ်ထပ်အုတ်တိုက်အာစီကျောင်းဆောင်အားရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊သဲအင်းဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊တိုက်အုပ်ဆရာတော်ဘဒ္ဒန္တသောဘိတ(ဦးစလင်း)မှဆောက်လုပ်လှူဒါန်းသည်ကိုပညာရေးလောကသားအချင်းချင်းသာဓုခေါ်ဆိုနိုင်ပါရန်တင်ပြအပ်ပါသည်။ ။
Thursday, April 24, 2014
new
ပညာရေးဆိုတာရေများရာမိုးရွာ။ဆရာ/မ ပေါတဲ့နေရာမှာအားလုံးစုပြုံတိုး။ဝေးလံတဲ့ကျေးလက်မှာတော့သူငယ်တန်းကလေးတန်းအထိနှစ်ယောက်တည်းနဲ့သင်ရ။လှူမဲ့သူပေါတဲ့နေရာမှာတော့ကျောင်းဆောင်တွေဟောတစ်ဆောင် ဟောတစ်ဆောင်။ကျေးလက်မှာတော့သက်ကယ်မိုး ထရံကာ မိုးမလုံ နေမလုံ ကျောင်းဆောင်အစုတ်ကလေးနဲ့နှစ်ပါးသွားနေရတာကိုမမြင်ချင်ယောင်ဆောင်နေကျတာလား တကယ်ပဲမမြင်တာလား၊။
Saturday, April 5, 2014
ရခိုင်ပြည်နယ်၊စစ်တွေမြို့ နယ်ရှိကျေးရွာများ၏သန်းခေါင်စာရင်းကောက်မှု အခြေအနေ
ရခိုင်ပြည်နယ်က ဆရာ၊ဆရာမများ၏ သန်းခေါငါစာရင်းကောက်ယူမှု အခြေအနေကို ပုံမှာမြင်တွေ့ ရတဲ့အတိုင်းပါပဲ၊၊အောင်မြင်အောင် စာရင်းကောက်နိုင်ကြပါစေဟု ဆရာ၊ဆရာမများအတွက် စလင်းပညာရေးသတင်း အဖွဲ့သားများက ဆုတောင်းမေတ္တာ ခြွေအပ်ပါသည်ဗျ။
Admin-4
ပညာရေးအတွေးအခေါ်များ
ပညာရေးတွင် ကိုယ်စိတ်နှစ်ပါးလုံးတို့၏ အကြွင်းမဲ့ပြည့်စုံနိုင်သမျှ ပြည့်စုံမှုကို ပေးခြင်းပါဝင်သည်။
ပလေတို(ဘီစီ ၄၂၇-၃၄၇)
ကျန်းမာသောခန္ဓာကိုယ်တွင် ကျန်းမာသောစိတ်ဓာတ်ကိန်းအောင်းခြင်းသည် ပညာရေး၏ ရည်မှန်းချက်ဖြစ်သည်။
ဂျွန်လော့စ်(၁၆၃၂-၁၇၀၄)
Friday, April 4, 2014
ကာရန်မတူသောကဗျာနှစ်ပုဒ်
ကျွန်တော်၏မျက်လုံးများက ပုံမှန်အတိုင်းပဲဆိုလျှင် ကျောင်းရုံးခန်းထဲက ဆရာမလေးသည် ဂျာအေးမှဂျာအေးအစစ်ဖြစ်ပါသည်။ဆရာမကတော့ ကျွန်တော့်ကိုမမြင်ပါ။မြင်လျှင်လည်းမှတ်မိမည်မဟုတ်ပါ။ကျွန်တော်၏ အခြေအနေကလည်း••••••••••
®®®®®®®®®®®®®®®®®®®®®®
ရွာထဲတွင်လည်၍ ကန်စွန်းရွက်ရောင်းပြီးမှ ကလေးကို ခါးတစ်ခွင်တင်ကာ ကျောင်းကိုပြေးလာလေ့ရှိသော ပထမတန်းကျောင်းသူ နန်းကြာအေးသည် ထုံးဆန်အတိုင်း ကျောင်းနောက်ကျပါသည်။သူကလေးရောက်ချိန်၌ ဆရာမက ကဗျာသင်နေပါပြီ။
"ဦးဖိုးကျားကကျောင်းဆရာ
စာပေတတ်ဖို့တင်ပေးတာ
မောင်ထွန်းသာ စစ်သားကလေး
---------------------------------"
"ဆရာမ ဝင်ခွင့်ပြုပါရှင့်"
"အေး ဝင်ခဲ့ကွယ်"
ကဗျာသင်ပြီးသောအခါ ဆရာမက ကလေးတစ်ဦးစီကို
"ကြီးလာရင်ဘာလုပ်မလဲ"ဟုမေးပါသည်။ကျွန်တော်က
အင်ဂျင်နီယာကြီးလုပ်မယ်ဟု ဖြေခဲ့ပါသည်။
"သမီးနန်းကြာအေးရော ကြီးလာရင် ဘာလုပ်မလဲ"
"သမီး ဆရာမလုပ်ချင်ပါတယ်ဆရာမ"
နန်းကြာအေး၏ အဖြေကြောင့် တစ်ခန်းလုံး ရယ်မောလိုက်ကြပါသည်။စဉ်းစားကြည့်ပါ။ပထမတန်းကိုတောင် ဆရာမထားပေးလို့ ကျောင်းနေရသော နန်းကြာအေးက ကြီးကြီးကျယ်ကျယ် ဆရာမလုပ်ချင်တယ်တဲ့။ရွာအစွန်မှာ တဲထိုးနေပြီး ကန်စွန်းရွက်ရောင်းနေရတဲ့သူကများ။ဒီလောက် ညစ်ပတ်စုတ်ပြတ်သတ်နေသော နန်းကြာအေးသာ ဆရာမဖြစ်ရင် သူ့ကျောင်းမှာ ကျွန်တော်မနေဟု မဆီမဆိုင်တွေးမိသည်။ထိုနေ့ကစပြီး နန်းကြာအေးကို "ဂျာအေး"ဟုပြောခေါ်ပြီး လမ်းမှာတွေ့တိုင်း
"ဂျာအေးကို သူ့အမေရိုက်လို့ မှောင်မိုက်မှာငို ----------ဆရာမလေးနန်းကြာအေး ဆင်းတယ်လို့ပြေး"ဟု စကြပါသည်။ဂျာအေးကလည်း ကဗျာထဲတွင် သူမအတွက် နာစရာမပါဘဲနှင့်ငိုပါသည်။သည်လိုနှင့် ကျူရှင်မတက်နိုင်၍ ကျွန်တော့်ထံတွင် စာရှင်းပြရန် အကူအညီတောင်းလေ့ရှိသော ဂျာအေးသည် ချို့ချို့တဲ့တဲ့ဖြင့် ဆယ်တန်းအထိရောက်သွားပါသည်။ကျွန်တော်ကတော့--------
®®®®®®®®®®®®®®®®®®®®®®
"ဟေ့ကောင် ဖိုးကျဲ။ဘာငေးနေတာလဲ။မြန်မြန်သယ်လေကွာ။ဘာလဲ။ခံတွင်းချဉ်လို့လား။ရော့ကွာ ငါ့မှာလည်း ဒီဖက်ကြမ်းအတိုလေးပဲ ရှိတော့မယ်။"
ပေတိုးက သူ့နားရွက်ကြားက ဆေးလိပ်သောက်၊ကွမ်းစားတတ်အောင် ရှစ်တန်ကတည်းက သူပဲ သင်ပေးပါသည်။"သောက်သောက်စားစား ပျော်ပျော်ပါးပါး၊ငါတို့ပန်းရန်သမား" ဟူသည့် သူ့ကိုယ်ပိုင် ကဗျာတိုတိုလေးကိုလည်း မကြာခဏ ဆိုပြတတ်သည်။
"မြန်မြန်လုပ်ကွ၊ ဒီ ကျောင်းအုတ်ကန်ကလေးပြီးမှ ငါတို့ငွေရွှင်မှာ။ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကြာအေးက ဒါပြီးရင် လက်ဖက်ရည်ဖိုးသပ်သပ် ထပ်ပေးမယ်တဲ့။ဟေ့ကောင် လက်ဖက်ရည်ဖိုးရရင် ဒါသွားချမယ်နော်။"
ပေတိုးက လက်မကို ပါးစပ်နားတေ့၍ ပုလင်းမော့ဟန် လုပ်ပြသည်။ကျွန်တော်ကတော့ ပေတိုးစကားကို စိတ်မဝင်စားအားဘဲ ငယ်ငယ်က ဂျာအေးကို စခဲ့သည့် ကဗျာလေးကို တီးတိုးရွတ်ဆို နေမိပါတော့သည်။
အေးထွန်း(မောက်မယ်)
Credit-ပညာတန်ဆောင်မဂ္ဂဇင်း ပထမဆုရ တစ်မျက်နှာဝတ္ထုတို
Tuesday, April 1, 2014
ဆရာ ဆရာမများအားလုံး၏သဘောထားတောင်းခံခြင်း
စလင်းမြို့နယ်မှ မူလတန်းဆင့်ပညာရေးဝန်ထမ်းများအားလုံးအတွက် အကြံညဏ်လေးတစ်ခုတင်ပြပါရစေ။ပင်စင်ယူသွားကြသော ဆရာဆရာမ များအား မူလတန်းပညာရေးဝန်ထမ်းများမှ တစ်ဦးလျှင် ၅ကျပ်မှစ၍ယခုဆိုလျှင် ၅၀၀ကျပ်အထိထောက်ပံ့နှိုင်ခဲ့ပြိးဖြစ်ပါတယ်။ယခုလိုထောက်ပံ့ရာတွင် အလျှင်းသင့်သလိုသာတိုး၍ထောက်ပံ့ခဲ့ခြင်းသာဖြစ်ပါတယ်။ဒါ့ကြောင့်ထောက်ပံ့ကြေးတိုးပေးရာမှာ ဘယ်သူပင်စင်ယူခါနီးမှတိုးပေးတယ်ဆိုတဲ့သံသယစိတ်ကလေးများဖြစ်ပေါ်လာနှိုင်ပါတယ်။ဒါကလဲထောက်ပံ့ကြေးတိုးပေးတဲ့ပုံသေနည်းမရှိလို့ပါဘဲ။အဲဒီလိုမဖြစ်ရအောင်အကြံတစ်ခုလောက်တင်ပြပါရစေ။April ဆိုရင်ဝန်ထမ်းတွေ ၂၀၀၀၀ ကျပ်တိုးမှာဖြစ်ပါတယ်။ဒီတော့အောက်ခြေဝန်ထမ်းလစာကိုမူတည်ထားပြီး ၀.၅ % ထားကြည့်တယ်ဆိုပါစို့။ထွေ /သား လစာသည်ယခု ၉၀၀၀၀ ကျပ် ထပ်တိုး ၂၀၀၀၀ ကျပ် စုစုပေါင်း ၁၁၀၀၀၀ ကျပ်။ဒီတော့ ၀.၅ % အတွက် ၅၅၀ ကျပ်ထောက်ပံ့ရမှာဖြစ်ပါတယ်။လစာတွေဘယ်အချိန်တိုးတိုး ဘယ်သူတွေပင်စင်ယူယူ ဘာမှသံသယဖြစ်စရာမလိုတော့ဘူးပေါ့။ကျွန်တော့ရဲ့အကြံပြုချက်လေးကို ဆရာ ဆရာမတို့အချင်းချင်းတိုင်ပင်ကြည့်ကြပါအုံး။သဘောတူတယ်ဆိုရင် အုပ်စုခေါင်းဆောင်များအစည်းအဝေးမှာတင်ပြပေးပါ့မယ်။အားလုံးဆန္ဒနဲ့ဘဝတစ်ထပ်ထဲကျနှိုင်ကြပါစေ။
ရိုးမရာဇာ...စလင်း
Monday, March 31, 2014
စလင်းမြို့ နယ် လစာထုတ် အစည်းအဝေးတွင် လစာထုတ်ယူရာတွင် ငွေကွာမှုများ ဖြစ်ပါ်
မကွေးတိုင်းဒေသကြီး၊စလင်းမြို့ နယ်၊စလင်းမြို့နယ် ပညာရေးမိသားစုသည် အုပ်စု(၅)အုပ်စုခွဲ၍ စလင်းမြို့နယ် စီးပွားရေးဘဏ်မှ ငွေထုတ်ယူရပါသည်။
တစ်မြို့ နယ်လုံးမှ ဆရာ၊ဆရာမများအားလုံးအတွက် စုပေါင်း၍ ငွေထုတ်ယူရာတွင် ငွေကြေးကွာဟချက်များမှာ လစဉ်နီးပါး ဖြစ်ပေါ်နေပါသည်။
ထို့သို့ ဖြစ်ပေါ်နေသော ငွေကြေးကွာဟချက်များကို မြို့နယ်ပညာရေးမှူး၊နယ်မြေခံလက်ထောက်ဆရာကြီးများ၊အုပ်စုခေါင်းဆောင် ဆရာကြီးများ စုပေါင်း၍ အဖြေရှာသင့်နေပါသည်။
စလင်းမြို့နယ် ဆရာ၊ဆရာမများအတွက် လစာထုတ်ယူပုံစနစ်မှာ ယခုအတိုင်းဆိုလျှင် ဆက်တိုက်ဆက်တိုက် ဖြစ်ပေါ်နေမည့် ဖြေရှင်းလို့ မရတော့မည့် နည်းစနစ်ပင် ဖြစ်လာတော့မည်။
လစာထုတ်ယူရာတွင် အုပ်စုပေါင်း (၂၀) ကျော်အတွက် အုပ်စု (၅)စု ထပ်ဖွဲ့၍ စီးပွားရေးဘဏ်သို့ လစာငွေထုတ်ယူရေးအဖွဲ့ ထပ်ဖွဲ့သည်။ထို (၅) ဖွဲ့မှ တစ်ဆင့် မိမိအဖွဲ့တွင်ပါဝင်သော ကျောင်းအုပ်စုများကို လစာငွေထပ်ခွဲသည်။ထိုကျောင်းအုပ်စု တစ်ခုချင်းစီမှ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမ ကြီးများထံသို့ လစာငွေထပ်မံခွဲ၍ ပေးသည်။ ထို ကျောင်းအုပ်ဆရာ/ဆရာမကြီးများထံမှ မိမိလက်အောက် ဆရာ၊ဆရာမများ၊အခြားဝန်ထမ်းများကို လစာငွေထပ်မံ ခွဲပေးပြန်သည်။ဤသို့ အဆင့်ဆင့် လစာငွေ ထပ်ဆင့်ခွဲပေးနေခြင်းမှာ ငွေကွာချက် ကြီးမားနိုင်ပါသည်။
၃၁.၃.၂၀၁၄/မတ်လ လစာထုတ်ယူရာတွင် ဇောင်ချမ်းကုန်းကျောင်းအုပ်စု(မိသားစု)တွင် ငွေကျပ် တစ်သိန်းကွာဟသွားသည်။ထိုသို့ ကွာဟသွားခြင်းမှာ အဘယ်ကြောင်နည်း။အဆင့်ဆင့် စဉ်းစားရန်လိုသည်။စီးပွားရေးဘဏ်မှ ထုတ်ယူရာတွင် ကွာဟချက်မရှိနိုင်ပေ။ဘဏ်မှ အတိအကျ ဖြစ်နိုင်သည်။ဇောင်ချမ်းကုန်းအုပ်စုကို တာဝန်ခံထုတ်ပေးသော အုပ်စု (၅)စုမှ တစ်စုသည်ငွေထုတ်ပေးရာတွင် ကွာသွားသလား၊၊ဒါမှမဟုတ် ဇောင်ချမ်းကုန်းအုပ်စုမှ အုပ်စုခေါင်းဆောင်(သို့)တာဝန်ခံထုတ်ပေးသောသူသည် ကျောင်းမိသားစုထဲမှ ကျောင်းတစ်ကျောင်းအား လစာငွေ ပို၍(သို့)ငွေအုပ်များလွဲ၍လား စသည်ဖြင့် စဉ်းစားနိုင်သည်။ယခုလမှာ ပို၍ဆိုးသည်က သန်းခေါင်စာရင်းကောက်ခံသောလဖြင့်တိုက်ဆိုင်နေသဖြင့် လစာငွေထုတ်ယူရာတွင် လုပ်ငန်းပိုင်းဆိုင်ရာမကျွမ်းကျင်သောကြောင့်လည်း ဖြစ်နိုင်ပေသည်။အဘယ့်ကြောင့်ဆိုသော် အုပ်စုခေါင်းဆောင်အများစုသည် သန်းခေါင်စာရင်းအတွက် အလုပ်များနေသောကြောင့် ဖြစ်သည်။သို့သော် အုပ်စုခေါင်းဆောင်များ ထုတ်ယူသော လတွင်လည်း လစာငွေကွာဟချက်များ ဖြစ်သည်မှာ အထင်အရှားပင်။ပြီးခဲ့သော လများတွင် အ.မ.က မူလွန် ကန်တော်တွင်လည်း လစာငွေ ကွာဟခဲ့သည်။ယခင်လများတွင်လည်း အနည်းအများဆို ကွာဟခဲ့ပေသည်။
ဒီကိစ္စအားဖြေရှင်းရန်မှာ ခေါင်းဆောင်များဖြစ်သော မြို့ နယ်ပညာရေးမှူး၊လက်ထောက်မြို့ နယ်ပညာရေးမှူးများ၊ကျောင်းမိသားစု ခေါင်းဆောင်များ စုပေါင်းညှိနှိုင်း၍ အဖြေရှာသင့်ပြီဖြစ်သည်။
ယခုအတိုင်းသာ ဆက်သွားပါက လစာငွေကွာဟနေမည်မှာ သေချာစဉ်းစားကြည့်ပါက အမှန်ပင်ဖြစ်နေပါလိမ့်မည်။ဒီနည်းလမ်းထက်ကောင်းသောနည်းလမ်းများရှာဖွေသင့်ပါပြီ။ကျွန်တော်တို့ ကျောင်းဆရာ၊ဆရာမများမှာ လစာကို မှီခို၍စာနေရသောသူများ ဖြစ်ပါသည်။မိသားစုစားဝတ်နေရေးကို လစာငွေ ကျပ်တစ်သိန်းဖြင့် တစ်လလုံး လူမှုရေး၊စီးပွားရေး၊ကျန်းမာရေး ဘာရေးညာရေးများကို လစဉ် နေ့စဉ် ဖြေရှင်းပေးနေရပါသည်။ထိုလစာငွေ ကျပ်တစ်သိန်း ကွာဟမှုသည် ကျောင်းဆရာ/ဆရာမ တစ်ယောက်၏တစ်လ ဝင်ငွေဖြစ်သည်။ထို့သိ့ကွာဟသွားလျင် ထိုဆရာ၊ဆရာမ လစာမရခဲ့လျှင် နောက်ဆက်တွဲပြဿနာများကို စဉ်းစားကြည့်လျှင် ကျွန်တော်တို့ဆရာ ဆရာမများသာ သိသည်။အကယ်၍ နောင်တစ်ချိန်တွင် ယခု ဇောင်ချမ်းကုန်းအုပ်စုကဲ့သို့ ကွာဟနေလျင် မည်သို့ လုပ်ကြမည်နည်း။ဇောင်ချမ်းကုန်းအုပ်စုမှ ဆရာကြီးက သူစိုက်ထုတ်၍ ကွာသောလစာကို ပေးသည်။စိတ်သဘော ဖြူပေစွ။ဆရာကြီးစိတ်ဓာတ်ကို ချီးကျူးမိသည်။မိမိကြောင့်ဟု အဖြစ်မခံချင်။
ထိုသည်မှာ ဆရာကြီး စိတ်ဓာတ်ဟု ထင်မြင်မိသည်။
သို့သော် ဇောင်ချမ်းကုန်းအုပ်စုမှ ဆရာ၊ဆရာမများက တစ်ယောက်လျှင် ၃၅၀၀ကျပ်နှုန်းဖြင့် ထိုကိစ္စအား ဖြေရှင်းလိုက်ကြရသည်။ယခင်လတွင်ငွေကွာသွားသော ကန်တော်မှ ဆရာကြီးမှာ လစာငွေကွာဟချက်များကို အိတ်စိုက်၍ ဖြေရှင်းလိုက်ရသည်ဟု ကြားသိရသည်။
ထိုသို့ကွာဟချက်သည် ကျောင်းတစ်ကျောင်းကျောင်း အကယ်၍ ပိုပါသွားလျှင် ထိုကျောင်းမှ ပြန်လည်ပေးသင့်သည်။ကိုယ်ချင်းစာသင့်သည်။ငါသာ သူ့နေရာမှာ ဆိုရင် ဆိုတဲ့အတွေးမျိုး တွေးပေးသင့်သည်။ငွေကျပ်တစ်သိန်းဖြင့် ကိုယ်၏သိက္ခာကျင့်ဝတ်များကို လဲလှယ်သင့်သလား။ဒီကောင်တွေဘာမှမသိဘူး။ယူထားလိုက်ဦးမှ ဆိုသည့် အတွေးများ ဖျောက်သင့်ပြီ။အရာရာကို ကိုယ်ချင်းစာသင့်သည်။
ထိုကိစ္စများပြေလည်စေရန်၊ငွေကွာဟမှု မရှိစေရန်အတွက် အုပ်စုခေါင်းဆောင်များ သိသိကြီး ဇွတ်လုပ်နေသည်။အုပ်စုအစည်းအဝေးတွင် ထိုကိစ္စများကို ဖြေရှင်းရန် တင်ပြမည့်သူမရှိ။အကောင်းဆုံးဟု ထင်နေကြသည်လားမသိ။
အကောင်းဆုံး ဖြေရှင်းရန်မှတစ်ပါး အခြားမရှိတော့ပြီ။
ကျွန်တော်ကြားဖူးတာ တစ်ခုရှိသည်။
ဆွေးနွေးပါ။တိုင်ပင်ပါ။တင်ပြပါ။အကောင်းဆုံးများကို စုပေါင်းပြီး အကောင်းဆုံးဖြစ်မည့် တစ်ခုကို ရွေးထုတ်ပါ။ဒါဆို သင့်အခက်အခဲ ၉၉.၉ရာခိုင်နှုန်း အောင်မြင်မည်။
ဟုတ်ပါရဲ့လား ဆရာကြီးများ။
ကျွန်တော်တို့တစ်တွေ အကောင်းဆုံး ဖြေရှင်းကြပါစို့ ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
အကယ်၍ ကျွန်တော်တင်ပြသည်မှာ အမှားလေးများပါခဲ့ပါက တောင်းပန်ပါသည်။မည်သူ့ကိုမှ မရည်ရွယ်ပါ။မည်သူ့ကိုမှ မပုတ်ခတ်ပါဗျ။
ကျွန်တော်မှားလျှင်လည်း စေတနာ အမှား ဖြစ်ပါလိမ့်မည်။
ဝိုင်းဝန်းဖြေရှင်းကြပါစို့
Admin-4