Friday, April 4, 2014
ကာရန်​မတူ​သောကဗျာနှစ်​ပုဒ်
ကျွန်​​တော်​၏မျက်​လုံးများက ပုံမှန်​အတိုင်းပဲဆိုလျှင်​ ​ကျောင်းရုံးခန်းထဲက ဆရာမ​လေးသည်​ ဂျာ​အေးမှဂျာ​အေးအစစ်​ဖြစ်​ပါသည်​။ဆရာမက​တော့ ကျွန်​​တော့်​ကိုမမြင်​ပါ။မြင်​လျှင်​လည်းမှတ်​မိမည်​မဟုတ်​ပါ။ကျွန်​​တော်​၏ အ​ခြေအ​နေကလည်း••••••••••
®®®®®®®®®®®®®®®®®®®®®®
ရွာထဲတွင်​လည်​၍ ကန်​စွန်းရွက်​​ရောင်းပြီးမှ က​လေးကို ခါးတစ်​ခွင်​တင်​ကာ ​ကျောင်းကို​ပြေးလာ​လေ့ရှိ​သော ပထမတန်း​ကျောင်းသူ နန်းကြာ​အေးသည်​ ထုံးဆန်​အတိုင်း ​ကျောင်း​နောက်​ကျပါသည်​။သူက​လေး​ရောက်​ချိန်​၌ ဆရာမက ကဗျာသင်​​နေပါပြီ။
"ဦးဖိုးကျားက​ကျောင်းဆရာ
စာ​ပေတတ်​ဖို့တင်​​ပေးတာ
မောင်​ထွန်းသာ စစ်​သားက​လေး
---------------------------------"
"ဆရာမ ဝင်​ခွင့်​ပြုပါရှင့်​"
"​အေး ​ဝင်​ခဲ့ကွယ်​"
ကဗျာသင်​ပြီး​သောအခါ ဆရာမက က​လေးတစ်​ဦးစီကို 
"ကြီးလာရင်​ဘာလုပ်​မလဲ"ဟု​မေးပါသည်​။ကျွန်​​တော်​က
အင်​ဂျင်​နီယာကြီးလုပ်​မယ်​ဟု ​ဖြေခဲ့ပါသည်​။
"သမီးနန်းကြာ​အေး​ရော ကြီးလာရင်​ ဘာလုပ်​မလဲ"
"သမီး ဆရာမလုပ်​ချင်​ပါတယ်​ဆရာမ"
နန်းကြာ​အေး၏ အ​ဖြေ​ကြောင့်​ တစ်​ခန်းလုံး ရယ်​​မောလိုက်​ကြပါသည်​။စဉ်းစားကြည့်​ပါ။ပထမတန်းကို​တောင်​ ဆရာမထား​ပေးလို့ ​ကျောင်း​နေရ​သော နန်းကြာ​အေးက ကြီးကြီးကျယ်​ကျယ်​ ဆရာမလုပ်​ချင်​တယ်​တဲ့။ရွာအစွန်​မှာ တဲထိုး​နေပြီး ကန်​စွန်းရွက်​​ရောင်း​နေရတဲ့သူကများ။ဒီ​လောက်​ ညစ်​ပတ်​စုတ်​ပြတ်​သတ်​​နေ​သော နန်းကြာ​အေးသာ ဆရာမဖြစ်​ရင်​ သူ့​ကျောင်းမှာ ကျွန်​​တော်​မ​နေဟု မဆီမဆိုင်​​တွေးမိသည်​။ထို​နေ့ကစပြီး နန်းကြာ​အေးကို "ဂျာ​အေး"ဟု​ပြော​ခေါ်ပြီး လမ်းမှာ​တွေ့တိုင်း
"ဂျာ​အေးကို သူ့အ​မေရိုက်​လို့ ​မှောင်​မိုက်​မှာငို ----------ဆရာမ​လေးနန်းကြာ​အေး ဆင်းတယ်​လို့​ပြေး"ဟု စကြပါသည်​။ဂျာ​အေးကလည်း ကဗျာထဲတွင်​ သူမအတွက်​ နာစရာမပါဘဲနှင့်​ငိုပါသည်​။သည်​လိုနှင့်​ ကျူရှင်​မတက်​နိုင်​​၍ ကျွန်​​တော့်​ထံတွင်​ စာရှင်းပြရန်​ အကူအညီ​တောင်း​လေ့ရှိ​သော ဂျာ​အေးသည်​ ချို့ချို့တဲ့တဲ့ဖြင့်​ ဆယ်​တန်းအထိ​ရောက်​သွားပါသည်​။ကျွန်​​တော်​က​တော့--------
®®®®®®®®®®®®®®®®®®®®®®
"​ဟေ့​ကောင်​ ဖိုးကျဲ။ဘာ​ငေး​နေတာလဲ။မြန်​မြန်​သယ်​​လေကွာ။ဘာလဲ။ခံတွင်းချဉ်​လို့လား။ရော့ကွာ ငါ့မှာလည်း ဒီဖက်​ကြမ်းအတို​လေးပဲ ရှိ​တော့မယ်​။"
ပေတိုးက သူ့နားရွက်​ကြားက ​ဆေးလိပ်​​သောက်​၊ကွမ်းစားတတ်​​အောင်​ ရှစ်​တန်​ကတည်းက သူပဲ သင်​​ပေးပါသည်​။"​သောက်​​သောက်​စားစား ​ပျော်​​ပျော်​ပါးပါး၊ငါတို့ပန်းရန်​သမား" ဟူသည့်​ သူ့ကိုယ်​ပိုင်​ ကဗျာတိုတို​လေးကိုလည်း မကြာခဏ ဆိုပြတတ်​သည်​။
"မြန်​မြန်​လုပ်​ကွ၊ ဒီ ​ကျောင်းအုတ်​ကန်​က​လေးပြီးမှ ငါတို့​ငွေရွှင်​မှာ။ကျောင်းအုပ်​ဆရာမကြီး ​ဒေါ်နန်းကြာ​အေးက ဒါပြီးရင်​ လက်​ဖက်​ရည်​ဖိုးသပ်​သပ်​ ထပ်​​ပေးမယ်​တဲ့။ဟေ့​ကောင်​   လက်​ဖက်​ရည်​ဖိုးရရင်​ ဒါသွားချ​မယ်​​နော်​။"
Credit-ပညာတန်​​ဆောင်​မဂ္ဂဇင်း ပထမဆုရ တစ်​မျက်​နှာဝတ္ထုတို
No comments:
Post a Comment