Tuesday, April 29, 2014
ကျောင်းလုပ်သားများ၏အခန်းကဏ္ဋ
၁။တစ်နှစ်ပတ်လုံးကျောင်းသို့မလာခြင်း
၂။အမှိုက်သရိုက်နှင့်သောက်သုံးရေကိုကျောင်းသား/သူများခပ်ရခြင်း
၃။လစာပုံမှန်ထုတ်ယူခြင်း(ရုံးမှဖြတ်ငွေကိုပင်ကျောင်းအုပ်အားအထွန့်တက်ခြင်း)
၎။တခြားမှတာဝန်လာရောက်ထမ်းဆောင်သော(က/အ နှင့် လ/ထ)များအားဘေးပြောခြင်း
၎။ATEO များလာရင်တော့နေ့တိုင်းအလုပ်လုပ်သယောင်လက်မှတ်ထိုးထားခြင်း။ATEO အားဧည့်ခံပြုစု၍ဖော်လံဖားလုပ်ခြင်း
၅။က/အမှအလုပ်ခေါ်ခိုင်းလျှင်မခြေမငံပြောဆိုခြင်း
၆။ဝန်ထမ်းများကရွာခံသင်းကိုပြန်ဂရုစိုက်နေရခြင်း။   ။(ဆက်ရန်)
သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများထိမ်းသိမ်းပေးပါရန်။(က/အ များကိုယ်စား)
!!!!"သက
Monday, April 28, 2014
ရဲမင်းထွန်း(တတ်​သိသမျှ ပြန်​လည်​မျှ​ဝေခြင်း)Apk
မင်္ဂလာပါ သူငယ်​ချင်းများခင်​ဗျ
ရဲမင်းထွန်း(တတ်​သိသမျှ ပြန်​လည်​မျှ​ဝေခြင်း)Apkကို သူငယ်​ချင်းတို့ထံ အ​ရောက်​ပို့​ပေးလိုက်​ပါသည်​။
Facebook Pageကို likeလုပ်​ထား​သော်​လည်း အချိန်​​ပေးပြီး မဖတ်​ရှုနိုင်​​သောသူများအတွက်​ အချိန်​​ပေးဖတ်​ရှုနိုင်​​ရန်​အတွက်​ ရည်​ရွယ်​၍Apkပြုလုပ်​ခဲ့ပါသည်​။
ကျွန်​​တော်​ နာမည်​ကြီးချင်​၍မဟုတ်​ပါ။လေလုံးထွားချင်​၍လည်းမဟုတ်​ပါ။ကျွန်​​တော်​ သိသမျှ၊တတ်​သမျှ နည်းပညာ၊ဗဟုသုတများကို နည်းပညာစိတ်​ဝင်​စား​သော သူငယ်​ချင်းများအတွက်​ပါ၊၊
ယခု Apkသည်​ Salin News တွင်​မပါဘဲ
နည်းပညာသီးသန့်​ ပြုလုပ်​ထားခြင်းဖြစ်​ပါသည်​။ကျွန်​​တော်​တို့ တင်​သမျှ post များကို offline ဖတ်​ရှုနိုင်​ပါသည်​။
တတ်​သိသမျှ ဗဟုသုတများ၊ဖုန်းနည်းပညာများကို တတ်​နိုင်​သ၍ ​ရေးသားတင်​ဆက်​သွားပါမည်​။
အထူးသဖြင့်​ Facebook Pageတွင်​ online မှတိုက်​ရိုက်​(မShareလျှင်​)ဖတ်​ရှုရန်​မလွယ်​ကူ​သော ကျွန်​​တော်​တို့ တင်​ထား​သော post များကို ယခု သက်​​တောင့်​သက်​သာ offline ဖတ်ရှုရပါမည်​။
ယခု စပြီး တင်​​နေ​သော Appyet မှ Apkလုပ်​နည်းသည်​ ရှည်​လျား​ထွေပြားပြီး
အချိန်​​ပေးဖတ်​ရှုမှသာ အဆင်​​ပြေစွာ ​ဆောင်​ရွက်​နိုင်​မည်​ဖြစ်​ပါသည်​။
ဒီApkသည်​ သူငယ်​ချင်းတို့အတွက်​ အဖိုးမဖြတ်​နိုင်​​သော ဗဟုသုတ၊နည်းပညာများရရှိမည်​မှာ ဧကန်​မုချ ဖြစ်​ပါသည်​။
ကဲ ကြိုက်​ရင်​ ​အောက်​ပါLinkတွင်​ downloadဆွဲနိုင်​ပါသည်​ဗျ။
ရဲမင်းထွန်း(တတ်​သိသမျှ ပြန်​လည်​မျှ​ဝေခြင်း)Apkကို downရန်​link
http://www.mediafire.com/?31c3v3x34dledlb
ရဲမင်းထွန်း(တတ်​သိသမျှ ပြန်​လည်​မျှ​ဝေခြင်း)
http://www.facebook.com/yemintunsalin
Friday, April 25, 2014
သာဓုခေါ်ပါ
မကွေးတိုင်းဒေသကြီး၊စလင်းမြို့နယ်၊ဂွေးပင်ဇင်အုပ်စု၊လေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် တစ်ထပ်အုတ်တိုက်အာစီကျောင်းဆောင်အားရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊သဲအင်းဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊တိုက်အုပ်ဆရာတော်ဘဒ္ဒန္တသောဘိတ(ဦးစလင်း)မှဆောက်လုပ်လှူဒါန်းသည်ကိုပညာရေးလောကသားအချင်းချင်းသာဓုခေါ်ဆိုနိုင်ပါရန်တင်ပြအပ်ပါသည်။  ။
Thursday, April 24, 2014
new
ပညာရေးဆိုတာရေများရာမိုးရွာ။ဆရာ/မ ပေါတဲ့နေရာမှာအားလုံးစုပြုံတိုး။ဝေးလံတဲ့ကျေးလက်မှာတော့သူငယ်တန်းကလေးတန်းအထိနှစ်ယောက်တည်းနဲ့သင်ရ။လှူမဲ့သူပေါတဲ့နေရာမှာတော့ကျောင်းဆောင်တွေဟောတစ်ဆောင်  ဟောတစ်ဆောင်။ကျေးလက်မှာတော့သက်ကယ်မိုး ထရံကာ မိုးမလုံ နေမလုံ ကျောင်းဆောင်အစုတ်ကလေးနဲ့နှစ်ပါးသွားနေရတာကိုမမြင်ချင်ယောင်ဆောင်နေကျတာလား တကယ်ပဲမမြင်တာလား၊။
Saturday, April 5, 2014
ရခိုင်​ပြည်​နယ်​၊စစ်​​တွေမြို့ နယ်​ရှိ​ကျေးရွာများ၏သန်း​ခေါင်​စာရင်း​ကောက်​မှု အ​ခြေအ​နေ
ရခိုင်​ပြည်​နယ်​က ဆရာ၊ဆရာမများ၏ သန်း​ခေါငါစာရင်း​ကောက်​ယူမှု အ​ခြေအ​နေကို ပုံမှာမြင်​​တွေ့ ရတဲ့အတိုင်းပါပဲ၊၊​အောင်​မြင်​​အောင်​ စာရင်း​ကောက်​နိုင်​ကြပါ​စေဟု ဆရာ၊ဆရာမများအတွက်​ စလင်းပညာ​ရေးသတင်း အဖွဲ့သားများက ဆု​တောင်း​မေတ္တာ ​ခြွေအပ်​ပါသည်​ဗျ။
Admin-4
ပညာ​ရေးအ​တွေးအ​ခေါ်များ
ပညာ​ရေးတွင်​ ကိုယ်​စိတ်​နှစ်​ပါးလုံးတို့၏ အကြွင်းမဲ့ပြည့်​စုံနိုင်​သမျှ ပြည့်​စုံမှု​ကို ​ပေးခြင်းပါဝင်​သည်​။
ကျန်းမာ​သောခန္ဓာကိုယ်​တွင်​ ကျန်းမာ​သောစိတ်​ဓာတ်​ကိန်း​အောင်းခြင်းသည်​ ပညာ​ရေး၏ ရည်​မှန်းချက်​ဖြစ်​သည်​။
                    ဂျွန်​​လော့စ်​(၁၆၃၂-၁၇၀၄)
Friday, April 4, 2014
ကာရန်​မတူ​သောကဗျာနှစ်​ပုဒ်
ကျွန်​​တော်​၏မျက်​လုံးများက ပုံမှန်​အတိုင်းပဲဆိုလျှင်​ ​ကျောင်းရုံးခန်းထဲက ဆရာမ​လေးသည်​ ဂျာ​အေးမှဂျာ​အေးအစစ်​ဖြစ်​ပါသည်​။ဆရာမက​တော့ ကျွန်​​တော့်​ကိုမမြင်​ပါ။မြင်​လျှင်​လည်းမှတ်​မိမည်​မဟုတ်​ပါ။ကျွန်​​တော်​၏ အ​ခြေအ​နေကလည်း••••••••••
®®®®®®®®®®®®®®®®®®®®®®
ရွာထဲတွင်​လည်​၍ ကန်​စွန်းရွက်​​ရောင်းပြီးမှ က​လေးကို ခါးတစ်​ခွင်​တင်​ကာ ​ကျောင်းကို​ပြေးလာ​လေ့ရှိ​သော ပထမတန်း​ကျောင်းသူ နန်းကြာ​အေးသည်​ ထုံးဆန်​အတိုင်း ​ကျောင်း​နောက်​ကျပါသည်​။သူက​လေး​ရောက်​ချိန်​၌ ဆရာမက ကဗျာသင်​​နေပါပြီ။
"ဦးဖိုးကျားက​ကျောင်းဆရာ
စာ​ပေတတ်​ဖို့တင်​​ပေးတာ
မောင်​ထွန်းသာ စစ်​သားက​လေး
---------------------------------"
"ဆရာမ ဝင်​ခွင့်​ပြုပါရှင့်​"
"​အေး ​ဝင်​ခဲ့ကွယ်​"
ကဗျာသင်​ပြီး​သောအခါ ဆရာမက က​လေးတစ်​ဦးစီကို 
"ကြီးလာရင်​ဘာလုပ်​မလဲ"ဟု​မေးပါသည်​။ကျွန်​​တော်​က
အင်​ဂျင်​နီယာကြီးလုပ်​မယ်​ဟု ​ဖြေခဲ့ပါသည်​။
"သမီးနန်းကြာ​အေး​ရော ကြီးလာရင်​ ဘာလုပ်​မလဲ"
"သမီး ဆရာမလုပ်​ချင်​ပါတယ်​ဆရာမ"
နန်းကြာ​အေး၏ အ​ဖြေ​ကြောင့်​ တစ်​ခန်းလုံး ရယ်​​မောလိုက်​ကြပါသည်​။စဉ်းစားကြည့်​ပါ။ပထမတန်းကို​တောင်​ ဆရာမထား​ပေးလို့ ​ကျောင်း​နေရ​သော နန်းကြာ​အေးက ကြီးကြီးကျယ်​ကျယ်​ ဆရာမလုပ်​ချင်​တယ်​တဲ့။ရွာအစွန်​မှာ တဲထိုး​နေပြီး ကန်​စွန်းရွက်​​ရောင်း​နေရတဲ့သူကများ။ဒီ​လောက်​ ညစ်​ပတ်​စုတ်​ပြတ်​သတ်​​နေ​သော နန်းကြာ​အေးသာ ဆရာမဖြစ်​ရင်​ သူ့​ကျောင်းမှာ ကျွန်​​တော်​မ​နေဟု မဆီမဆိုင်​​တွေးမိသည်​။ထို​နေ့ကစပြီး နန်းကြာ​အေးကို "ဂျာ​အေး"ဟု​ပြော​ခေါ်ပြီး လမ်းမှာ​တွေ့တိုင်း
"ဂျာ​အေးကို သူ့အ​မေရိုက်​လို့ ​မှောင်​မိုက်​မှာငို ----------ဆရာမ​လေးနန်းကြာ​အေး ဆင်းတယ်​လို့​ပြေး"ဟု စကြပါသည်​။ဂျာ​အေးကလည်း ကဗျာထဲတွင်​ သူမအတွက်​ နာစရာမပါဘဲနှင့်​ငိုပါသည်​။သည်​လိုနှင့်​ ကျူရှင်​မတက်​နိုင်​​၍ ကျွန်​​တော့်​ထံတွင်​ စာရှင်းပြရန်​ အကူအညီ​တောင်း​လေ့ရှိ​သော ဂျာ​အေးသည်​ ချို့ချို့တဲ့တဲ့ဖြင့်​ ဆယ်​တန်းအထိ​ရောက်​သွားပါသည်​။ကျွန်​​တော်​က​တော့--------
®®®®®®®®®®®®®®®®®®®®®®
"​ဟေ့​ကောင်​ ဖိုးကျဲ။ဘာ​ငေး​နေတာလဲ။မြန်​မြန်​သယ်​​လေကွာ။ဘာလဲ။ခံတွင်းချဉ်​လို့လား။ရော့ကွာ ငါ့မှာလည်း ဒီဖက်​ကြမ်းအတို​လေးပဲ ရှိ​တော့မယ်​။"
ပေတိုးက သူ့နားရွက်​ကြားက ​ဆေးလိပ်​​သောက်​၊ကွမ်းစားတတ်​​အောင်​ ရှစ်​တန်​ကတည်းက သူပဲ သင်​​ပေးပါသည်​။"​သောက်​​သောက်​စားစား ​ပျော်​​ပျော်​ပါးပါး၊ငါတို့ပန်းရန်​သမား" ဟူသည့်​ သူ့ကိုယ်​ပိုင်​ ကဗျာတိုတို​လေးကိုလည်း မကြာခဏ ဆိုပြတတ်​သည်​။
"မြန်​မြန်​လုပ်​ကွ၊ ဒီ ​ကျောင်းအုတ်​ကန်​က​လေးပြီးမှ ငါတို့​ငွေရွှင်​မှာ။ကျောင်းအုပ်​ဆရာမကြီး ​ဒေါ်နန်းကြာ​အေးက ဒါပြီးရင်​ လက်​ဖက်​ရည်​ဖိုးသပ်​သပ်​ ထပ်​​ပေးမယ်​တဲ့။ဟေ့​ကောင်​   လက်​ဖက်​ရည်​ဖိုးရရင်​ ဒါသွားချ​မယ်​​နော်​။"
Credit-ပညာတန်​​ဆောင်​မဂ္ဂဇင်း ပထမဆုရ တစ်​မျက်​နှာဝတ္ထုတို
Tuesday, April 1, 2014
ဆရာ ဆရာမများအားလုံး၏သဘောထားတောင်းခံခြင်း
စလင်းမြို့နယ်မှ မူလတန်းဆင့်ပညာရေးဝန်ထမ်းများအားလုံးအတွက် အကြံညဏ်လေးတစ်ခုတင်ပြပါရစေ။ပင်စင်ယူသွားကြသော ဆရာဆရာမ များအား မူလတန်းပညာရေးဝန်ထမ်းများမှ တစ်ဦးလျှင် ၅ကျပ်မှစ၍ယခုဆိုလျှင် ၅၀၀ကျပ်အထိထောက်ပံ့နှိုင်ခဲ့ပြိးဖြစ်ပါတယ်။ယခုလိုထောက်ပံ့ရာတွင် အလျှင်းသင့်သလိုသာတိုး၍ထောက်ပံ့ခဲ့ခြင်းသာဖြစ်ပါတယ်။ဒါ့ကြောင့်ထောက်ပံ့ကြေးတိုးပေးရာမှာ ဘယ်သူပင်စင်ယူခါနီးမှတိုးပေးတယ်ဆိုတဲ့သံသယစိတ်ကလေးများဖြစ်ပေါ်လာနှိုင်ပါတယ်။ဒါကလဲထောက်ပံ့ကြေးတိုးပေးတဲ့ပုံသေနည်းမရှိလို့ပါဘဲ။အဲဒီလိုမဖြစ်ရအောင်အကြံတစ်ခုလောက်တင်ပြပါရစေ။April ဆိုရင်ဝန်ထမ်းတွေ ၂၀၀၀၀ ကျပ်တိုးမှာဖြစ်ပါတယ်။ဒီတော့အောက်ခြေဝန်ထမ်းလစာကိုမူတည်ထားပြီး ၀.၅ % ထားကြည့်တယ်ဆိုပါစို့။ထွေ /သား လစာသည်ယခု ၉၀၀၀၀ ကျပ် ထပ်တိုး ၂၀၀၀၀ ကျပ် စုစုပေါင်း ၁၁၀၀၀၀ ကျပ်။ဒီတော့ ၀.၅ % အတွက် ၅၅၀ ကျပ်ထောက်ပံ့ရမှာဖြစ်ပါတယ်။လစာတွေဘယ်အချိန်တိုးတိုး ဘယ်သူတွေပင်စင်ယူယူ ဘာမှသံသယဖြစ်စရာမလိုတော့ဘူးပေါ့။ကျွန်တော့ရဲ့အကြံပြုချက်လေးကို ဆရာ ဆရာမတို့အချင်းချင်းတိုင်ပင်ကြည့်ကြပါအုံး။သဘောတူတယ်ဆိုရင် အုပ်စုခေါင်းဆောင်များအစည်းအဝေးမှာတင်ပြပေးပါ့မယ်။အားလုံးဆန္ဒနဲ့ဘဝတစ်ထပ်ထဲကျနှိုင်ကြပါစေ။
                        ရိုးမရာဇာ...စလင်း