Wednesday, October 1, 2014

စတုတ္ထတန်းနှင့်​အဌမတန်း စာ​မေးပွဲမေးခွန်းများကိုသီးသန့်​ပညာရှင်​အဖွဲ့ကသာ​မေးခွန်းထုတ်​မည်​။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲမေးခွန်းများ သီးသန့်ပညာရှင် အဖွဲ့ကသာ မေးခွန်းထုတ်မည် ပြည်တွင်းသတင်း / 10 hours ago ပညာရေးဝန်ကြီးဌာနက စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများကို မေးခွန်းအတတ်ပညာ ပါရဂူဘွဲ့ရများ ပါဝင်သော သီးသန့်ပညာရှင် အဖွဲ့ကသာ မေးခွန်းထုတ်မည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပသော ပညာရေး ဆွေးနွေးပွဲတွင် အဆိုပါ စနစ်အတိုင်း အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ စတုတ္ထတန်း အဆင့်တွင် ခရိုင်စစ်နှင့် အဋ္ဌမတန်းအဆင့်တွင် တိုင်းစစ်အဖြစ် ပြောင်းလဲရန် သဘောတူညီချက် ရရှိခဲ့ပြီးနောက် ယင်းကဲ့သို့ မေးခွန်းပညာရှင်များ အဖွဲ့ကို ဆက်လက်ဖွဲ့စည်းရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စာမေးပွဲစနစ် အကောင်အထည် ဖော်မည့်နှစ်ကိုမူ မသိရှိသေးကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။ “အလုပ်အဖွဲ့ (Working Group) ကိုလည်း ရက်ပိုင်းအတွင်း ဘယ်သူတွေ ပါသင့်တယ်ဆိုတာ ပညာရှင်တွေ ပြန်မေးပြီးတော့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့ပေးလိုက်မယ်။ မေးခွန်းတွေ အဆင့်အတန်း ဘယ်လို ရှိသင့်တယ်ဆိုတာ ဒီပညာရှင်အဖွဲ့က မေးခွန်းထုတ်တတ်အောင်၊ ဆရာ၊ ဆရာမတွေကို သင်ပေးမယ် ဆိုတာလည်း တစ်ပိုင်းပေါ့” ဟု ဦးဇော်ဌေးက ပြောဆိုသည်။ အဆိုပါ ပညာရှင်အဖွဲ့ ဖွဲ့စည်းပုံစနစ်နှင့် ပတ်သက်၍ အသေးစိတ် မထွက်ရှိသေးကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စာမေးပွဲစနစ် မပြောင်းလဲမီ ရှေ့ပြေးစီမံချက် မြို့နယ်များတွင် ကနဦး အကောင်အထည် ဖော်ပြီး ရရှိလာသော ရလဒ်အတိုင်း ဆက်လုပ်ရန် သင့်မသင့် ဆုံးဖြတ်သင့်ကြောင်း မြန်မာ့ပညာရေး လေ့လာ စောင့်ကြည့်နေသူ တစ်ဦးက မှတ်ချက်ပေးသည်။ “တစ်နိုင်ငံလုံး အတိုင်းအတာနဲ့တော့ မြေစမ်းခရမ်းပျိုးလိုမျိုး တော့ မလုပ်သင့်သေးဘူး” ဟု အဆိုပါ ဆရာတစ်ဦးက ဆက်လက် ပြောကြားသည်။ ယင်းကဲ့သို့ စာမေးပွဲစနစ် ပြောင်းလဲမှုတွင် ကျောင်းသား၊ ကျောင်းသူများ လိုက်ပါနိုင်စေရန် အဆိုပါ ပညာရှင်အဖွဲ့နှင့် တိုင်ပင်ကာ ကြိုတင် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပညာရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ် စပိုင်းကတည်းက စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ စနစ်များကို ပြောင်းလဲမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်ထိ ဝန်ကြီးဌာနက ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မထုတ်ပြန်နိုင်သေးကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်ဟု ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။"" Visit website

Friday, August 8, 2014

ဆရာအတတ်​သင်​ပညာ​ရေး​ကောလိပ်​ဝင်​ခွင့်​​လျှောက်​လွှာများ​ခေါ်ယူခြင်း

၂၀၁၃-၂၀၁၄ပညာသင်​နှစ်​ဆယ်​တန်း​အောင်​​ကျောင်းသား/သူများကို ဆရာအတတ်​သင်ပညာ​ကောလိပ်​ဝင်​ခွင့်​များ​ခေါ်​နေ​ကြောင်းကြားသိရပါသည်​။လျှောက်​လွှာကိုမြို့နယ်​ပညာ​ရေးမှူးရုံးတွင်​ရယူနိုင်​ပါသည်​။ဆယ်​တန်း​အောင်​မြင်​​ကြောင်း​ထောက်​ခံစာ၊အမှတ်​စာရင်း၊ရပ်​ကွက်​​ကျေးရွာ​ထောက်​ခံစာများလိုအပ်​မည်​။၂၀ရက်​​နေ့တွင်​​လျှောက်​လွှာပိတ်​မည်​ဟုသိရှိရပါသည်​။အ​သေးစိတ်​ကို မြို့နယ်​ပညာ​ရေးမှူးရုံးထံတွင်​စုံစမ်းပါ။

ဟိန်းကိုကိုမင်း

Tuesday, July 29, 2014

မ​ကွေးပညာ​ရေး​ကောလိပ်​အာစရိယပူ​ဇော်​ပွဲအတွက်​တတ်​အားသမျှအလှူ​ငွေများထည်​ဝင်​လှူဒါန်းကြပါရန်​အကျိုး​မျှော်​နိုး​ဆော်​လိုက်​ရပါသည်​ခင်​မျာ

မ​ကွေးပညာ​ရေး​ကောလိပ်​အာစရိပူ​ဇော်​ပွဲကြီးကိုနှစ်​စဉ်​ကျင်းပလာသည်​မှာသုံးကြိမ်​ပြီးဆုံး၍​လေးကြိမ်​​မြောက်​ကို​ရောက်​ရှိလာပါပြီ။အာစရိယပူ​ဇော်​ပွဲကိုနှစ်​စဉ်​သီတင်းကျွတ်​လပြည့်​​ကျော်
၂ရက်​​နေ့တိုင်းမ​ကွေးပညာ​ရေးအားကစားခန်းမအတွင်းကျင်းပါသည်​။၎ကြိမ်​​မြောက်​အာစရိယပူ​ဇော်​ပွဲကြီးဖြစ်​​မြောက်​​ရေးအတွက် စလင်းမြို့နယ်​မှမ​ကွေး​ကျောင်းဆင်း​ကျောင်းသား/သူ​ဟောင်းဆရာဆရာမများတို့မှ မိမိတို့တတ်​နိုင်​​သောလုပ်​အားဒါန၊​ငွေ​ကြေးဒါနများထည့်​ဝင်​လှူဒါန်း​ပေးကြပါရန်​ အကျိုး​မျှော်​၍နှိုး​ဆော်​လိုက်​ရပါတယ်​ခင်​ဗျာ။အလှူ​ငွေကိုလစာထုတ်​ရက်​တွင်​စလင်းမြို့နယ်​အလှူ​ငွေ​ကောက်​ခံ​ရေးအဖွဲ့သို့လှူဒါန်းကုသိုလ်​ယူနိုင်​ပါသည်​။

ဦးဟိန်းကိုကိုမင်း(အလပြ)
အမက(ရ)မကျီးကုန်း​ကျောင်း
ph-09256042272

Thursday, July 10, 2014

သန်း​ခေါင်​စာရင်း​ငွေထုတ်​ရန်

စလင်းမြို့နယ်​မှသန်း​ခေါင်​စာရင်းပါဆရာ/မများခင်​ဗျာ
၁၂၊၇၊၂၀၁၄ရက်​​နေ့ နံနက်​ ၈:၀၀နာရီတွင်
သန်း​​ခေါင်​စာရင်း​ငွေထုတ်​ရန်​နှင့်​ပတ်​သက်​၍ မြို့နယ်​ပညာ​ရေးမှူးရုံးသို့  မှတ်​ပုံတင်​များ ယူ​ဆောင်​ကာ လာ​ရောက်​ကြပါရန်​ အသိ​ပေးအ​ကြောင်း ကြားပါသည်​။